Part 9

11.2K 1K 21
                                    

ရှောင်းကျန့်ဆိုတာဆန္ဒရှိတဲ့အရာဆိုရင်မဖြစ်ဖြစ်အောင်လုပ်တတ်တဲ့လူစားမျိုး
မနက်ဖြန်ဆိုရင်ကြင်ယာတော်တင်​မြှောက်ပွဲဆိုတာသိသိကြီးနဲ့ အပြင်ကိုမရရအောင်ခိုးထွက်ခဲ့တာ
အရှင်သိရင်အပြစ်ပေးခံရလိမ့်မယ်ဆိုတဲ့မျမ်မျမ်ရဲ့တားမြစ်သံတွေကိုလည်းဂရုမစိုက်ခဲ့ဘူး
သခင်ကိုတားမရတဲ့မျမ်မျမ်ကလည်းဘယ်လိုအကြောင်းပြချက်မျိုးကြောင့်ဖြစ်ဖြစ်အရှင့်ကိုတော့ တစ်ယောက်တည်းမလွတ်လိုက်နိုင်
နောက်ဆုံးတော့သခင်လေးရဲ့ဆန္ဒအတိုင်းနန်းပြင်ကိုခိုးထွက်လာခဲ့တယ်
နန်းတွင်း​ကသခင်လေးအဆောင်ရဲ့ခုံပေါ်မှာကြိုးချည်ခံထားရတဲ့ ကိုရံတော်ကြီးကိုလည်းအပြန်ကျမှသေချာတောင်းပန်ရမယ်

အခုတော့ဝမ်ဟန်ရဲ့စျေးလမ်းတစ်​လျှောက်မှာအရာအားလုံးကိုအထူးအဆန်းလိုလိုက်ကြည့်နေတဲ့သခင်လေးကိုသတိပေးရအုံးမယ်
လာရင်းကိစ္စကိုမေ့လို့မဖြစ်ဘူး
နန်းပြင်တစ်ခါထွက်ဖို့ဆိုတာလွယ်တာတော့မဟုတ်ဘူး

ရှောင်းကျန့်နန်းပြင်ထွက်ရတဲ့တစ်ခုတည်းသောရည်ရွယ်ချက်ကပိုင်ကောကောနဲ့ဆက်သွယ်နိုင်ဖို့
ဘယ်နည်းလမ်းကိုသုံးရမလဲဆိုတာခုထိမသိသေးဘူး
စာပို့ခိုသုံးဖို့ကလည်းရှောင်းကျန့်ကဒီခေတ်ကလူမဟုတ်တော့မကျွမ်းကျင်
လူနဲ့ဆက်သွယ်ဖို့ကလည်း ယုံကြည့်ရတဲ့လူကမရှိ
မျမ်မျမ်ကိုလည်းမလွှတ်နိုင်
မျမ်မျမ်ကဝမ်နိုင်မှာရှိတဲ့တစ်ဦးတည်းသောအားကိုးရာ ဆွေးနွေးတိုင်ပင်ရာ

လောလောဆယ်တော့TVထဲမှာမြင်ဖူးတဲ့ရှေးခေတ်အသုံးအဆောင်တွေအစားအသောက်တွေကိုလိုက်စူးစမ်းဖို့သာတာဆူနေတယ်
လူဆိုတာအသစ်အဆန်းဆိုစူးစမ်းချင်တာသဘာဝပါ

အခုတော့ရှောင်းကျန့်ရဲဲ့စိတ်အာရုံအလုံးစုံဟာ
လိပ်ပြာပုံစံဆံထိုးလှလှလေးပေါ်မှာ
အရင်ဆိုဆံထိုးလှလှလေးမြင်တိုင်းဝယ်မိသည်ကဆံထိုးလေးတေစုဆောင်းရတာကြိုက်တဲ့မားအတွက်သာ
ဒီဆံထိုးလေးသာဆီုမားဘယ်​လောက်တောင်ကြိုက်နေမလဲ
ငါဒီရောက်ထဲကမားကိုမေ့နေသည်ပဲ မားမားရောရေချိုးခန်းထဲမှာလဲနေတဲ့ငါကိုတွေ့ပီးလန့်သွားမလား
တွေးရင်းဆံထိုးကိုဝယ်ဖို့ငွေစတေလိုက်ရှာနေတယ်

Chance🐰မထင်မှတ်ထားသောအခွင့်​​အရေး🐰S1 {Completed}Where stories live. Discover now