Part 39

7.2K 721 10
                                    

"အရှင့်ကို ဂါရဝပြုပါတယ်အရှင်"

"ထိုင်   မင်းတို့ကိုတာဝန်ပေးစရာရှိတယ်"

"အမိန့်ရှိပါအရှင်"

"ဝမ်နင် ရှောင်းဘုရင် သေဆုံးမှုကိုသေချာစစ်ဆေး
လုပ်ကြံသူကို အမြန်ဆုံးသိချင်တယ်"

"ရှင်းချန်  ချင်နိုင်ငံကပါလာတဲ့ မိဖုရားရဲ့ အပျိုတော် လင်းချန်ကို သေချာစောင့်ကြည့်ထား တစ်ခုခုထူးခြားတာနဲ့ သတင်းပို့"

ဟုတ်တယ် လင်းချန်ဆိုတဲ့ကောင်မလေးက သံသယဖြစ်​ဖို့အများဆုံးပဲ ရှောင်းဘုရင်က သူ့နားကအခြွေအရံတွေအားလုံးကို သူ့လူတွေပဲသုံးထားတာ ဝမ်အပျိုတော်တွေကို
လွှတ်တာတောင်ငြင်းဆန်ထားတာမို့
ရှောင်းဘုရင်ရဲ့အသုံးအဆေါင် အစားအသောက်တွေကိုလည်း ရှောင်းကလူတွေပဲထိတွေ့တာ
အပြင်လူထိတာဆိုလို့ မိဖုရားရဲ့ အပျိုတော် လင်းချန်တစ်ယောက်ထဲ
ပြီးတော့ လင်းချန်က ချင်နိုင်ငံကပါလာတဲ့သူဆိုတော့ပိုပြီးမယုံကြည်ရဘူး
ဒီအကြောင်းအရာတွေကို ကလေးငယ်သတိမထားမိဘူး ထင်ပါ့

ရိပေါ်လည်းစိတ်တွေရှုပ်ထွေးလို့ စာကြည့်ဆောင်က ညနေမှထွက်ဖြစ်တယ်
အိပ်ဆောင်ထဲဝင်တော့ သူ့ကိုစောင့်နေတဲ့ပုံပေါ်တဲ့သူ့မိဖုရားလေး
မျက်လုံးတွေက ရဲနေတာပဲ ဘယ်လောက်တောင်ငိုခဲ့တာလဲကွာ
သူဝင်လာတာကိုသတိထားမိတဲ့ ကလေးငယ်က သူမထင်ထားတဲ့စကားကိုအေးစက်စွာပြောလာခဲ့
ရိပေါ်လည်းအနည်းငယ်တုန်လှုပ်သွားတယ်

"ကျွန်တော့်ကို မိဖုရားနေရာက ဖယ်ရှားပေး
ကျွန်တော် ရှောင်းနိုင်ငံကိုပြန်မယ်"

"ဘာပြောလိုက်တယ် မဖြစ်နိုင်ဘူး
ကိုယ်ခွင့်မပြုဘူး မင်းကိုယ့်ဆီကနေ  ဘယ်မှသွားလို့မရဘူး"

"တော်ပါပီအရှင်ရယ် ဟန်ဆောင်မနေပါနဲ့တော့ ကျွန်တော့အကိုလည်း သေသွားပီလေ
ထပ်ပီးဟန်ဆောင်စရာမလိုတော့ဘူး"

"ကလေး ဘာတွေပြောနေတာလဲ ကိုယ်နားမလည်ဘူး"
သူတကယ်နားမလည်ဘူး ကလေးက သူ့ရဲ့အချစ်တွေကို အထင်လွဲနေတာလား

"အရှင့်ရဲ့ချစ်ရသူ ကျွန်တော့ကြောင့်သေဆုံးသွားလို့ ကျွန်တော့အကိုကို သတ်ပီး လက်စားချေတာမလား ကျေနပ်လိုက်ပါတော့ ဘုရင်သတ်ပြီး တစ်နိုင်လုံးကိုပါ ဒုက္ခရောက်အောင်လုပ်အုံးမလို့လား"

Chance🐰မထင်မှတ်ထားသောအခွင့်​​အရေး🐰S1 {Completed}Where stories live. Discover now