Part 13

10.4K 961 18
                                    

"အရှင်စုံစမ်းခိုင်းထားတဲ့ချင်အရှင်လိုချင်နေတဲ့အရာကိုမသိရသေးပါဘူးအရှင်
ဒါပေမယ့်ချင်အရှင်ကလောလောဆယ်ချင်နိုင်ငံမှာမရှိဘူးလို့အတွင်းလူကပြောပါတယ်အရှင်"

ကိုယ်ရံတော်ရှင်းချန်ရဲ့လျှောက်တင်ချက်ကြောင့်ရိပေါ်ထူးဆန်းနေတယ် ဒီရက်ပိုင်းကိစ္စတစ်ချို့ကိုစဥ်းစားတိုင်းခေါင်းထဲဗလာဖြစ်နေတယ်
သူမှတ်မိသည်မှာချင်ဘုရင်ကရှောင်းနဲ့ စစ်တိုက်နေသည်သာ
ဒီရက်ပိုင်းကိစ္စတေမမှတ်မိတာတစ်ခုခုတော့ထူးဆန်းနေမှန်းရိပေါ်ရိပ်မိပါသည်
ရှောင်းမင်သားကပြုစားတယ်ဆိ​ုရင်တောင်ကျန်တဲ့ကိစ္စတေပါမေ့သွားတာကိုအတော်အံသြနေမိသည်
တစ်ခုခုမှားယွင်းနေသည်မို့
မယ်တော့်နှင့်သွားရောက်ဆွေးနွေးဖို့ဆုံးဖြတ်ထားပေမယ့်မယ်တော့်ဆီမရောက်ဖြစ်
ဒီနေ့တော့သေချာပေါက်ဆွေးနွေးမှဖြစ်မယ်

"ချင်အရှင်အကြောင်းကဝမ်နဲ့ပတ်သက်လားဆိုတာဆက်ပီးစုံစမ်းထားလိုက်
ကိုယ်ရံတော် ဝမ်နင်ရော"

"ကြင်ယာတော်လေးဆီမှာတာဝန်ထမ်းဆောင်နေပါတယ်"

"ဝမ်နင်ကိုပြန်ခေါ်ပီး အရင်အတိုင်းပဲတာဝန်ထမ်ဆောင်ခိုင်းလိုက်"

"အမိန့်တော်အတိုင်းပါအရှင်"ရှင်းချန်လည်းအရှင့်အမိန့်တေကြောင့်အံသြနေရသည် အရှင်ကိုယ်တိုင်စောင့်ရှောက်ဖို့မှာထားပီး
အခုအရှင်က အရင်တိုင်းပြန်ဖြစ်နေသည်
ကြင်ယာတော်လေးကိုတွေ့စက အရှင့်ရဲ့နူးညံမှုတေလည်း
အခုချိန်မှာပျောက်ဆုံးနေသည်
အရှင်တစ်ခုခုထူးဆန်းနေတာရိပ်မိပေမယ့်
ကိုယ်ကလက်အောက်ငယ်သားဆိုတော့ဘာမှမပြောနိုင်ပေ

ကြင်ယာတော်နန်းဆောင်တွင်လည်း
"သခင်လေး ကိုယ်ရံတော်ဝမ်နင်အစား
အသစ်ရောက်လာတာတဲ့ ကိုယ်ရံတော်နဲ့
အပျိုတော်တစ်ယောက်ရောက်ပါတယ်
သခင်လေး"

"အလုပ်ကိုရှုပ်နေတာပဲ ခု​ပဲပြန်ခေါ် ခု​ပဲထပ်ပေးစိတ်ကိုတကယ်မရှည်ဘူး"

"ဒီကိုယ်ရံတော်ကသခင်လေးနဲ့သိပါတယ်
သခင်လေး"

"ဟုတ်လား ဝမ်နိုင်ငံမှာငါသိတဲ့သူရှိလို့လား"

Chance🐰မထင်မှတ်ထားသောအခွင့်​​အရေး🐰S1 {Completed}حيث تعيش القصص. اكتشف الآن