Part 30

9.5K 905 32
                                    

ပြိုင်ပွဲစကြောင်းကြေငြာမောင်းခတ်ပီးတာနဲ့
ဘုရင့်ကိုယ်ရံတော်တို့ရဲ့လက်ရုံးရည်ယှဥ်ပြိုင်ပွဲစတင်ခဲ့တယ်
ကိုယ်ရံတော်​ပြိုင်ပွဲမှာ အနိုင်ရတဲ့သူက
ရှောင်းနိုင်ငံရဲ့ ကိုယ်ရံတော်လီ
ရှင်းချန်အရှင့်အမှာစကားကြောင့်ပြိုင်ပွဲမှာကြိုးစားပီးယှဥ်မပြိုင်ခဲ့ဘူး
ကိုယ်ရံတော်ကနိုင်ဖို့မလိုဘူးတဲ့ အပြန်လမ်းမှာ ကြင်ယာတော်လေးကိုစောင့်ရှောက်ဖို့အနာတရမရစေဖို့ ပြိုင်ပွဲမှာဂရုစိုက်ဖိုမှာထားတာကြောင့် အရှုံးပေးခဲ့တာ
ရှောင်းကိုရံတော်ကမနိုင်မချင်းအတင်းတိုက်ခိုက်မယ့်ပုံ​ေပါ်တာကြောင့်လည်းပါတယ်
အရေးမကြီးတဲ့ကိစ္စမှာ အင်အားကိုအသုံးမချချင်ဘူး

ရှောင်ပိုင်ကတော့ ကိုရန်တော်လီ အနိုင်ရထားတာကြောင့် နည်းနည်းတော့သက်ပြင်းချနိုင်တယ်
ခုပွဲမှာသူနိုင်မယ်ဆိုရင်သူညီတော်ကိုပြန်တောင်းဖို့ရာလွယ်သွားမယ်
မဟုတ်ရင်ချင်ဘုရင်ကညီတော်ကိုသူ​ပိုင်ဆိုင်ကြောင်းတွေပြနေတာ ဧကရီတွေသာသုံးတဲ့ပဝါကို ညီတော်အသုံးပြုထားတယ်ဆိုတည်းက ချင်ဘုရင်ကညီတော်ကိုသူ့လူဆိုပီးမထိစေချင်မှန်းသိပ်သိသာတယ်
ဒါပေမယ့်ညီတော်က ကိုယ်ငယ်ငယ်တည်းကမြတ်နိုးတန်ဖိုးထားတဲ့သူ ခက်ခဲလည်းညီတော့်ကိုပြန်ရဖို့လုပ်ရမှာပဲ

နိုင်ငံ့အရှင်တွေရဲ့လက်ရုံးရည်ဖလှယ်ပွဲမှာ
အရှင်၁၁ယောက်က အုပ်စုသုံးစုခွဲကာယှဥ်ပြိုင်ကြသည်
ချင်အရှင်
ယန်အရှင်
ဂိုအရှင် တို့ကအုပ်စု ၁

ရှောင်းအရှင်
ကျိုးအရှင်
ချန်အရှင်
ကျင်းအရှင် တို့ကအုပ်စု ၂

ဝမ်အရှင်
လန်အရှင်
ကျန်းအရှင်
မော့အရှင် တို့က အုပ်စု ၃

အုပ်စုတွင်းအချင်းချင်းယှဥ်ပြိုင်ကြရမည်သာ
ပြိုင်ပွဲရည်ရွယ်ချက်က အနိုင်ရဖို့ထက် တစ်နိုင်ငံရဲ့ပညာကို တစ်နိုင်ငံက လေ့လာနိုင်ရန်ဖြစ်ပေမယ့်အရှင်သုံးယောက်ရဲ့စိတ်ထဲမှာတော့ အနိုင်ရဖို့ကအားသန်နေခဲ့ကြတယ်
ဒါကြောင့် ဒီနေ့ရဲ့အုပ်စုတွင်းပြိုင်ပွဲမှာ
ချင်အရှင် ဝမ်အရှင် နဲ့ရှောင်းအရှင်တို့ကအနိုင်ရခဲ့ပီး မနက်ဖြန် သုံးယောက်ထိတ်တိုက်တွေ့ဆုံကြရမည်
ဝမ်အရှင်ကအေးဆေးတည်ငြိမ်နေပေမယ့်
ချင်နဲ့ရှောင်းအရှင်တို့ကအနည်းငယ်စိုးရိမ်မှုတွေရှိကြတယ်
ဘာလို့ဆို ဝမ်ဘုရင်က နိုင်ငံရဲ့အရှင်သုံးပါးလုံးကိုအချိန်အနည်းငယ်နဲ့အနိုင်ပိုင်းခဲ့တာ
ဝမ်အရှင်ရဲ့လက်ရည်ကသိသိသာသာ
သာလွန်နေခဲ့တယ်

Chance🐰မထင်မှတ်ထားသောအခွင့်​​အရေး🐰S1 {Completed}Where stories live. Discover now