Part 34

8.6K 850 43
                                    

ဝမ်နိုင်ငံပြန်ရောက်တာတစ်ရက်ပဲရှိသေး
ဝမ်ဘုရင်ရဲ့ အသားယူနည်းပေါင်းစုံကို ရှောင်းကျန့်ကိုယ်​တွေ့ခံစားပီးနေပီ
ရှောင်းကျန့်ဝမ်ဘုရင်ကိုတကယ်နားမလည်
သူ့မိဖုရားသေလို့ဝမ်းနည်းနေရမှာ မဟုတ်ဘူးလား ဘာလို့ငါ့ကိုလာကလိနေရတာလဲ
ဝမ်ဘုရင် ဝမ်မိဖုရားရှင်းယွမ်ကိုဘယ်လောင်ချစ်မှန်း fic ထဲမှာဖတ်တုန်းကခံစားမိပေမယ့်
တကယ့်လက်တွေ့မှာတော့မတူ
ဆုံးသွားတဲ့သူ့မိဖုရားကိုသတိရနေပုံမပေါ်
ချင်နိုင်ငံမှာပြိုင်ပွဲကိုဝင်ရောက်ယှဥ်ပြိုင်ပီး
ဝမ်နိုင်ငံရောက်တော့လည်း ပြုံးပျော်နေတာပါပဲ မနက်ကအိပ်ယာနိုးတော့သူ့ကိုအသားယူတဲ့အပြင် ညီလာခံမသွားခင်လည်းသူ့ပါးနှစ်ဖက်ကိုနမ်းသွားသေး
ဝမ်မိဖုရားကိုတကယ်မချစ်လို့များလား
​ကိုယ်ဘာသာတွေးပြီးတစ်ချက်ပြုံးမိတာကြောင့်
ကိုယ့်ကိုယ်ပြန်ထိန်းရသေး
ငါဘာလို့ကျေနပ်သလိုကြီးဖြစ်နေရတာလဲ
စိတ်ထိန်းစမ်း ရှောင်းကျန့်

ဝမ်အရှင်ကညီလာခံသွားနေတာမို့ တစ်ယောက်တည်းပျင်းတာနဲ့ ပိုင်ကောကောဆီသာ သွားလည်ဖို့ပြင်လိုက်တယ်
ပိုင်ကောကောလည်းသူ့နိုင်ငံမှာမဟုတ်တော့တစ်ယောက်တည်းပျင်​းနေမှာ

"လင်းချန်ရေ လင်းချန်"

"ဟုတ်ကဲ့ သခင်လေး"

"ကောကောဆီသွားမို့ ဘာတွေယူသွားရင်ကောင်းမလဲအကြံပေးပါအုံး"

"အကြမ်းရည်လောက်ဆိုအဆင်ပြေပါတယ်သခင်လေး"

"အင်း တော်တယ် လင်းချန် အ့ကြောင့် အကိုဖုန့်ရန်ကထည့်ပေးလိုက်တာနေမှာ"
ရှောင်းကျန့်က သူ့စကားနဲ့သူပျော်နေလို့
လင်းချန်ရဲ့ မျက်နှာမှာဖြစ်ထွန်းလာတဲ့အပြုံးတစ်ခုကိ​ုတော့မတွေ့လိုက်ဘူး

"အ့ဆိုပြင်ဆင်ထားတော့လင်းချန်"

"ဟုတ်ကဲ့ သခင်လေး"

.
.
.
.
.
ရှောင်းကျန့်ပိုင်ကောကောအဆောင်ကိုရောက်တော့ အဆောင်ပတ်လည်မှာသစ်ပင်မျိုးစုံရှိပီး အဆောင်နဲ့တွဲရက်ဧည့်ဆောင်လေးလည်း ရှိတာမို့ ဝမ်ဘုရင်ကိုချီးကျူးလိုက်တယ် သူ့ကောကောကိုကောင်းကောင်းထားပေးတာပဲ မဆိုးဘူးအကျင့်နည်းနည်းကောင်းလာပီ😁

Chance🐰မထင်မှတ်ထားသောအခွင့်​​အရေး🐰S1 {Completed}Where stories live. Discover now