Part 38

7.5K 723 30
                                    

အခုချိန်မှာ ဘယ်သူ့ကိုမှ စကားမပြောချင်တာကြောင့် အရှင့်ရဲ့ရင်ခွင်ထဲက ထွက်ပြီးအဆောင်သို့သာပြန်လာခဲ့တယ်
အရှင့်ကိုယုံကြည်ချင်တာကြောင့်ရော ပိုင်ကောကောအတွက်တရားမျှတဖို့အတွက်ရော
ကျွန်တော်သေချာစုံစမ်းမှဖြစ်မယ်

"လင်းချန် အစောကသမားတော်ကို ခေါ်ပီး ကြင်ယာတော်ဆောင်မှာစောင့်နေ
ခနနေ ငါလာခဲ့မယ်"

"ဟုတ်ကဲ့ပါသခင်လေး"

လင်းချန်ထွက်သွားပီးပီးချင်းအခန်းထဲဝင်လာပါသော ဝမ်အရှင်ကို ရှောင်းကျန့်မမြင်သလိုသာ နေနေမိတယ်
အကြောင်းအရာအားလုံးသေချာမသိသေးချိန်မှာ အရှင့်ကို အပြစ်မဖို့ချင်သလို
ယုံလည်းမယုံရဲ
သူဖတ်ထားတဲ့ ficထဲမှာလည်း ကောကောကိုသတ်ခဲ့သူ ဟာ ဝမ်ဘုရင်ပဲမလား
ဒါပေမယ့်အရှင်လုပ်တာမဟုတ်ဘူးလို့ပဲယုံကြည်ချင်နေတယ်အရှင်

"ကလေး ဘာလို့ ကိုယ့်ကိုမကြည့်တာလဲ"

.....

"ကလေးဖြစ်ချင်တာပြော ကိုယ်အကုန်လုပ်ပေးမယ်"

.....

"ကိုယ့်ကိုယ်စကားပြန်ပြောပါအုံးကလေးရယ်"

သူကသားစကားတွေ​ပြောနေပေမယ့် သူ့ကိုနည်းနည်းလေးတောင်ပြန်မကြည့်လာတဲ့ကလေးငယ်က
မဟုတ်မှ ရှောင်းဘုရင်ကို သူလုပ်ကြံတာလို့ထင်နေတာလား
ချက်ချင်းကြီး စိမ်းသက်သွားတဲ့ ကလေးက
သူ့ကို မယုံကြည်တာလား
ဘာပဲဖြစ်ဖြစ်ဒီကိစ္စကို ရှင်းရှင်းလင်းလင်းသိသွားအောင် လုပ်ပေးမှာမို့ ကလေးမှာ ကိုယ့်ကို ထားသွားခွင့်မရှိဘူးနော်

"ဟုတ်ပြီ ကလေးခုချိန်မှာ ကိုယ့်ကို စကားမပြောချင်သေးလည်းရတယ်
ဒီပြသနာကို ကိုယ်သေချာဖြေရှင်းပေးမှာမို့
ကလေးစိတ်အေးအေးထားနော်"

....

"အထိန်းတော်ရန် ရှင်းချန်နဲ့ ဝမ်နင်ကို စာကြည့်ဆောင်ကို လွှတ်လိ​ုက်"

" အမိန့်အတိုင်းပါအရှင်"

ရှောင်းကျန့်လည်းအရှင်စာကြည့်ဆောင်ဝင်သွားတာသေချာတော့မှ
သူအရင်နေခဲ့ကြင်ယာတော်အဆောင်ကို ထွက်လာခဲ့တယ်
စကားပြန်မပြောချင်တာမဟုတ်ပါဘူးအရှင့်
အရှင့်ကိုစွပ်စွဲတဲ့စကားမျိုးထွက်လာမှာဆိုးလို့ကိုယ့်ကိုယ်ထိန်းချုပ်နေတာပါ

Chance🐰မထင်မှတ်ထားသောအခွင့်​​အရေး🐰S1 {Completed}Where stories live. Discover now