Part 19

10.2K 991 27
                                    

ဝမ်အရှင်ဝမ်ရိပေါ်လည်း မိဖုရားယွမ် ကိုအပစ်ပေးပီးနောက် ထိတ်လန့်နေတဲ့ကြင်ယာတော်ကိုနှစ်သိမ့်လို့ မယ်မယ်နဲ့ဒွေးတော်ဆီကိုသာလာရတော့တယ်

မယ်မယ်မှာထားသည်ကပြသနာရဲ့အဖြေကိုတွေ​့ရင်မယ်မယ်တို့ဆီလာခဲ့ဖို့ပါ

ရိပေါ်သိပါတယ် ယွမ်က ဒီလိုရက်စက်တဲ့အလုပ်မျိုးလုပ်နိုင်တယ်ဆိုကတည်းက
ယွမ်နဲ့ကြင်ယာတော်ရှောင်းမှာ ဘယ်သူကကိုယ့်ကိုအောက်လမ်းနဲ့ လွှမ်းမိုးလဲဆိုတာ
ရိပေါ်ခွဲခြားပီးသိခဲ့ပီ
ယွမ်ကကိုယ့်ကိုယ်တလျှောက်လုံးလိမ်ညာခဲ့တာပဲ
ဒါပေမယ့်ဒီအကြောင်းတွေထုတ်ဖော်လို့မပြောတော့ဘူး ယွမ်လည်းသူ့အပစ်နဲ့သူပစ်ဒဏ်ခံနေရပီမလား
ကြင်ယာ​တော်ရှောင်းကိုတော့အရမ်းအားနာတယ်သူခ​မျာဘာမှကိုမသိဘဲကိုယ်နဲ့ယွမ်ကြားညပ်ခဲ့တာ
ဖြူစင်တဲ့ကလေးတစ်ယောက်ကို
အထိတ်တလန့်ဖြစ်စေခဲ့တာတွေအတွက်နောက်မှတောင်းပန်ရအုံးမယ်
ခုတော့ဒီကလေးအပေါ်ထားရှိတဲ့ကိုယ့်ရဲ့ခံစားချက်တွေကိုအဖြေရှာနိုင်ဖို့မယ်မယ်နဲ့ဒွေးတော်ဆီကအလျင်အမြန်ပဲ သွားလိုက်တော့တယ်

ရှောင်းကျန့်တစ်ယောက်​ကတော့
မိဖုရားအတွက်စိတ်မကောင်းမဖြစ်မိဘူး
ဘာလို့လဲဆိုတော့ သူကကြင်ယာတော်ရှောင်းကိုလုပ်ကြံဖို့ကြိုးစားရင်း
အပျိုတော်တစ်ယောက်ရဲ့အသက်ကိုပေးခဲ့ရတာ
သူ့ရဲ့အတ္တတစ်ခုတည်းကြောင့်
အပျိုတော်လည်းလူထဲကလူပဲ
ဒီအတော်အတွင်းသူ့အပေါ်လည်းစိတ်ဒက္ခတွေအများကြီးပေးခဲ့ပီးပီ
ပြည်နှင်ဒဏ် ဆိုတာသူ့အတွက်နည်းတောင်နည်းသေးတယ်
ဘာပဲဖြစ်ဖြစ်ဒီကစားပွဲကပီးသွားပီ အနိုင်ရသူကတော့ရှောင်းကျန့်လို့သတ်မှတ်တယ်
သူ့အပေါ်မကောင်းကြံတဲ့ဝမ်လင်မယားကွဲသွားပီ
ကြင်ယာတော်ရှောင်းမင်းကျေနပ်နေမှာပါနော် ငါ့ရဲ့အသည်းတုံးလေး
ရှောင်းကျန့်ဆုံးဖြတ်ထားတာကခုဒီနိုင်ငံကထွက်သွားတော့ဖို့ပဲ
မိဖုရားရှင်းယွမ်ကပြည်နှင်ဒဏ်နဲ့မရှိတော့ဘူးဆိုပေမယ့်
ဝမ်ဘုရင်မှာမိဖုရားတွေရှိလာအုံးမှာ
နောက်ထပ်ဒီအရှုပ်တော်ပုံကြီးကြားမှာမလည်ပတ်ချင်တော့တာမို့ ဒီညပဲဒီနန်းတွင်း
ကထွက်သွားဖို့စီစဥ်ထားတယ်

Chance🐰မထင်မှတ်ထားသောအခွင့်​​အရေး🐰S1 {Completed}Where stories live. Discover now