Part 10

11.1K 985 22
                                    

ဒီနေ့လေးဟာဝမ်အရှင်နဲ့ရှောာင်းနိုင်ငံမင်းသားလေးတို့ရဲ့မဂ်လာရက်မြတ်
ကြင်ယာတော်တင်မြှောက်ပွဲနေ့
ခန့်ညားပြီးတည်ကြည်လှသောဝမ်အရှင်
နဲ့​အလွန်တရာချောမောလှပပြီးချစ်စရာအလွန်ကောင်းတယ်ဟူသောကြင်ယာတော်လေးတို့၏ဂုဏ်သတင်းတွေကြောင့်
ဒီရက်မြတ်လေးကိုလူတိုင်းကမျှော်လင့်ထားကြတယ် တစ်စုံတစ်ယောက်​ကလွဲလို့ပေါ့
ဒါပေမယ့်စိုးရိမ်ပူပန်မှုတော့ရှိမနေပါ
အရာအားလုံးသူ့ဆန္ဒအတိုင်းဖြစ်လာမှာမလား

နန်းတော်အတွင်းနန်းတွင်းသူနန်းတွင်းသားတေအကုန် ဟိုနားစုစု ဒီနားစုစုနဲ့အလုပ်တေများနေကြတယ်
အရာအားလုံးအဆင်သင့်ဖြစ်နေ​ပါသော်​လည်းအရှင်ကအ​ကောင်းဆုံးတွေသာဖြစ်စေချင်တာမလား
ကြင်ရာတင်မြှောက်ပွဲကျင်းပရာ​တစ်နေရာလုံးမှာလည်းအနီရောင်များဖြင့်သာဆင်မြန်းထားပီး
လာရောက်ကြသူများမှာလည်းသူ့ရာထူးနဲ့သူအစုလိုက်အစုလိုက်နေကြသည်မို့
မြင်ကွင်းမှာမျက်စိမရှုပ်ပဲတစ်မျိုးကြည့်လို့ကောင်းနေပြန်သည်
(မဂ်လာပွဲမရေးတတ်လို့ရေးချင်ရာလျှောက်ရေး😂😂)

ကြင်ယာတော်လေးမှာမပြင်ဆင်ပဲ
စိတ်ကိုအောင့်အီးသည်းခံကာပြင်ဆင်နေရတယ်မျက်နှာချေမှုန့်တေကိုတကယ်မလိမ်းချင်
နှုတ်ခမ်းပေါ်ပါးပေါ်မှာရောနီမြန်းနေတာက
ရှောင်းကျန့်ကိုစိတ်ညစ်စေသည်
ဒါပေမယ့်လည်းမြင်ရသူအဖို့တော့အနီရောင်ဝတ်စုံလေးနဲ့လှချင်တိုင်လှနေတဲ့
ကြင်ယာတော်လေးဟာမြင်သူတိုင်းမကြည့်မလွှဲနိုင်အောင်လှနေတာတော့အမှန်

အခမ်းအနားကိုကြင်ယာတော်လေးရောက်လာချိန်တွင်အရှင့်ရဲ့မျက်​လုံးတွေကကြင်ယာတော်ကိုသာချစ်မြတ်နိုးမှုအပြည့်ဖြင့်မျက်စိမလွှဲနိုင်အောင်ကြည့်နေတော့သည်
ဒါပေမဲ့ ဒါတွေကခနသာ ဝမ်မိဖုရားရောက်လာချိန်တွင်အရှင့်ရဲ့မျက်လုံးအရောင်တို့ပြောင်းသွားလေသည်
အရင်ကြည်လင်နေတဲ့မျက်လုံးအစုံဟာ မှိုင်းညို့လာပီး နာကြင်မှုဝေဒနာ ကိုတင်းခံနေသည့်ပုံစံသို့ပြောင်းသွားရလေသည်

ကြင်ယာတော်လေးကတော့မရိပ်မိဓလေ့ထုံးတမ်းတို့ အတိုင်း ဆောင်ရွက်နေရသည် အရှင်ကတည်ငြိမ်ဟန်ဖြင့်သာ
နောက်ဆုံးမိုးမြေကန်တော့ပြီးအရှင့်ရဲ့မျက်လုံးအစုံတို့သည် ဝမ်မိဖုရားဆီမှာသာ
နာကြင်ဟန်လည်းမရှိတော့

Chance🐰မထင်မှတ်ထားသောအခွင့်​​အရေး🐰S1 {Completed}Where stories live. Discover now