Part 44

8.2K 755 14
                                    

ဒွေးတော်ခေါ်တဲ့နောက်လိုက်သွားတော့
ဒွေးတော်ရဲ့ အဆောင်က မယ်မယ်အဆောင်ရဲ့ အနောက်ဘက် အတော်လှမ်းလှမ်းမှာ တစ်သီးတသန့်ပုံစံ​မျိုးရှိပြီး တိတ်ဆိတ်ငြိမ်သက်နေတာပဲ
အဆောင်တော်ထဲဝင်တော့ လည်း တဆောင်လုံးမှာ အနီ ရောင် နဲ့အနက်ရောင် သာ သုံးထားပြီး နံရံတွေမှာ နတ်မင်းတွေရဲ့ ရုပ်ပုံတွေချိတ်ဆွဲထားပြီး ရုပ်ပုံ တစ်ခုချင်းစီမှာလည်း ပူဇော်ထားတဲ့ ပစ္စည်းတစ်မျိုးစီ ရှိနေတယ်
ပုံတွေရဲ့အောက်မှာလည်း ရှေးဟောင်းတရုပ်စာတွေစီပြီးရေးထားတာမို့ ရှောင်း ကျန့်တစ်လုံးမှနားမလည်
ကျောချမ်းနေတာတော့အမှန်

"အံသြ​ေ​နတာလား ရှောင်းကျန့်"

"ဗျာ "

"မင်းရဲ့အကြောင်းတွေသိနေလို့လေ"

ရှောင်းကျန့် နည်းနည်းတော့ ကြောက်နေပေမယ့်လည်း သိချင်တာက သိချင်တာပဲမို့ မေးဖို့ပဲ ဆုံးဖြတ်လိုက်တယ်

"ကျွန်တော် ဘယ်ကလာတာ လဲဆိုတာ သိတယ်မလား"

"သိတယ်လေ အားလုံးကို ငါကပဲစီစဥ်ပေးခဲ့တာကို"

ထင်တော့ထင်သားပဲ ဒွေးတော်နဲ့ သေချာပေါက် ပတ်သက်မှုရှိရမယ်လို့

"ကျွန်တော့်ကို ဒီရောက်အောင်လုပ်ခဲ့တာ ကျဲလား "

"ဟုတ်တယ် "

"ဘာလို့လဲ ကျွန်တော့မှာလည်း မိသားစုရှိတယ်လေ ဒီလို စိတ်တိုင်းကျ  ခေါ်ချင်တိုင်းခေါ်လို့ရလား"

"သေချာစဥ်းစားပါအုံး ရှောင်းကျန့်ရဲ့ ငါမင်းကို အတင်းအကြပ်ခေါ်ခဲ့ရတာမဟုတ်ဘူးနော် မင်းကိုယ်တိုင်ကလာချင်ခဲ့တာပါ"

"အာ့ဆို အဲ့ဒီficက ကျဲရေးတာလား"

"မင်းက တိုက်ဆိုင်မှုလို့ထင်နေတာလား
တစ်ချို့သောတိုက်ဆိုင်မှုတွေက တမင် ဖန်တီးယူထားရတာ "

"ဒါဆိုကျဲက ကျွန်တော့ကို ခေါ်ဖို့ အဲ့ficကိုရေးခဲ့တာပေါ့
ဘာလို့လဲ ဘာလို့ ကျွန်တော်က ကြင်ယာတော် ရှောင်းနေရာကို ရောက်လာခဲ့ရတာလဲ
ဒါဆို ကြင်ယာတော်ရှောင်းကရော
ဘယ်ရောက်သွားတာလဲ ပျောက်ကွယ်သွားတာလား"

Chance🐰မထင်မှတ်ထားသောအခွင့်​​အရေး🐰S1 {Completed}Where stories live. Discover now