Part 40

8K 773 18
                                    

လင်းချန်ပို့ထားတဲ့ ခိုစာကိုဖတ်ပြီး ဖုန့်ရန်ဒေါသတွေထွက်လာတယ်
သူ့အစီအစဥ်ကို ဝမ်ဘုရင်က အမြဲတမ်းဝင်ရှုပ်တယ်
ခုလည်းရှောင်းလေးက မိဖုရားနေရာက ဖယ်ထုတ်ပြီး ရှောင်းနိုင်ငံ ကိုပြန်ခွင့်တောင်းတာ ဝမ်ဘုရင်က ခွင့်မပြုတဲ့အပြင်
ရှောင်းလေးကိုလည်း ကိုယ်ရံတော်တွေနဲ့စောင့်​ခိုင်းထားတယ်တဲ့
သူစီစဥ်ထားတာက ရှောင်းဘုရင်ကို တစ်ဖက်လှည့်နဲ့ သတ်ပြီး ဝမ်ဘုရင်သတ်တယ်လို့ထင်အောင်လုပ်တာလေ
ဒါမှရှောင်းလေးအားကိုးတဲ့ ရှောင်းဘုရင်လည်းသေ
ရှောင်းလေးကိုသိမ်းထားတဲ့ဝမ်ဘုရင်ကိုလည်းမုန်းရမှာ ဒီအထိတော့အဆင်ပြေတယ်
ပြသနာက ဝမ်ဘုရင်က ရှောင်းလေးကိုမိဖုရားနေရာကနေဖယ်ထုတ်ပေးပြီး
ရှောင်းလေးလည်း ရှောင်းနိုင်ငံကို ပြန်ထူထောင်ချိန် သူက အကူအညီပေးပြီး ရှောင်းလေးအချစ်ကိုရအောင်ကြိုးစားဖို့စီစဥ်ထားတာ
လုံးဝမရတော့မှသာအကြမ်းနည်းကိုသုံးပီး ရှောင်းနိုင်ငံကိုသိမ်းပိုက်ဖို့စီစဥ်ထားတာ
ခုတော့ ဝမ်ဘုရင်ကြောင့်သူ့အစီအစဥ်တွေပျက်ရပီ
အစောတည်းက ဝမ်ဘုရင်ကိုပါလုပ်ကြံခဲ့ရမှာ
ဖုန့်ရန်လည်းစိတ်တိုတိုနဲ့ အခန်းထဲက ပစ္စည်းတွေကို ဖျက်စီးပစ်နေတယ်

"မောင်ငယ် ဘာဖြစ်တာလဲ
ဘာဖြစ်လို့ခုလိုတွေ ဖြစ်နေတာလဲ
အမတော်ကိုပြောပြ
အမတော်ကူပြီးဖြေရှင်းပေးမယ်"

ဖုန့်ရန်လည်း အမတော်​ကူညီပေးမယ်ဆိုတာကြောင့်ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်တယ်
အမတော်ကအမြဲအသုံးဝင်တဲ့အကြံတွေပေးတတ်တာမို့

"မောင်ငယ် မင်းကိုဘာလုပ်လုပ်အမတော်ကိုတိုင်ပင်လို့ပြောထားတယ်မလား
ခုကိစ္စကိုရှောင်းလေးသာသိကြည့်
မင်းကိုမချစ်တဲ့အပြင် မုန်းတောင်​မုန်းသွားနိုင်တယ်မောင်ငယ်ရဲ့"

"ဘယ်သူမှမသိပါဘူးအ​မတော် ဒီကိစ္စကို ကျွန်တော်တို့နှစ်ယောက်ရယ် လင်းချန်ရယ်ပဲသိတာ လင်းချန်ကလည်း သူ့အသက်သေရင်တောင် ဒီကိစ္စကို ထုတ်ပြောမယ့်သူမဟုတ်ဘူး"

"ခုဘာဆက်လုပ်ဖို့စဥ်းစားထားလဲမောင်ငယ်
စစ်တိုက်လို့တော့မဖြစ်ဖူးနော် တိုင်းပြည်အခြေအနေကိုထည့်စဥ်းစားပါ"

Chance🐰မထင်မှတ်ထားသောအခွင့်​​အရေး🐰S1 {Completed}Where stories live. Discover now