Part 26

9.3K 930 45
                                    

ရိပေါ်ချင်နိုင်ငံကိုရောက်တည်းက​ ကလေးငယ်ကိုနေ့တိုင်းလာကြည့်တယ်
ချင်ဘုရင်နဲ့ပျော်ရွှင်နေတဲ့ ကလေးကို အပြစ်ပေးဖို့ကတစ်ကြောင်း
ကိုယ်တိုင်ကလည်း သူ့ကိုကြည့်ပီးအသည်းယားနေရတာတစ်ကြောင်း
အကြောင်းကြောင်းကြောင့် ဒီနေ့မှာတော့ အဆောင်တော်ထဲကဥယျာဥ်မှာ တစ်ယောက်ထဲထိုင်နေတဲ့ကလေးငယ်ကို အနောက်ကသိုင်းဖက်လို့ လွမ်းနေရတဲ့ တစ်ခါသာဖက်ဖူးတဲ့ အငွေ့အသက်လေးကိုရှူရှိုက်​​နေရင်းစိတ်မထိန်းနိုင်ဘဲ ပါးဖောင်းဖောင်းလေးကို
နမ်းလိုက်မိတယ်
အစကတော့ဖက်ထားဖို့ပဲရည်ရွယ်ခဲ့တာပါ
မျက်လုံးပြူးပြူးလေးနဲ့အံသြနေတဲ့ကလေးငယ်ရဲ့အငိုက်မှာ​ပဲ ပြန်လစ်ထွက်လာရတယ် ဒီနေရာက သူ့ပိုင်နက်မဟုတ်ဘူး
နူးညံ့အိစက်နေတဲ့ပါးဖောင်းဖောင်းလေးကိုတော့ ထပ်ပီးနမ်းရှိုက်ချင်နေသေးတယ်

ရှောင်းကျန့် မသိတဲ့လူတစ်ယောက်ကဖက်ပီးနမ်းသွား​လို့ကြောင်အနေတုန်းရှိသေး
အသိစိတ်ပြန်ဝင်လာတဲ့အချိန် အဲ့လူကမရှိတော့ဘူး သူမှတ်မိတာဆိုလို့မျက်နှာဖုံးအုပ်ထားတာပဲသိလိုက်တာ
တကယ်လို့ဘယ်သူမှန်းသေချာသိလိုက်ရင်တောင် ခုကိစ္စက ကလေးကအမေကိုပြန်တိုင်သလို တိုင်လို့ရတဲ့ ကိစ္စမဟုတ်ဘူးကိုယ့်ပေါင်ကိုလှန်ထောင်းသလိုဖြစ်နေမှာ
နေပါအုံးဘယ်သူက ငါ့ကိုအဲ့လိုလုပ်ရတာလဲ
စဥ်းစားလို့ကိုမရဘူး

မျက်နှာလေးကိုမဲ့လိုက်ရွဲ့လိုက် မျက်လုံးလေးလှန်ပြီးစဥ်စားလိုက်လုပ်နေတဲ့ကောင်လေးကို
ချောင်းကြည့်နေတဲ့ဝမ်အရှင်ကအသည်းတွေယားလို့  ပါးနှစ်ဖက်လုံးကိ​ုမနမ်းခဲ့ရလေခြင်းဆိုတဲ့နောင်တတို့ကလည်းကြီးစိုးနေသေး

ရှောင်းကျန့်အကြိတ်အနယ်စဥ်းစားနေချိန်ရောက်လာသူကမျမ်မျမ်
ဒီကိစ္စကသူ့ကြောင့်ဖြစ်တာ သူ့ကိုစောင့်နေရလို့ အမြဲတမ်း အမတော်ဖေးရီအဆောင်မှာပဲ
အဲ့တာများ ငါ့အဆောင်မှာနေနေသေး
အမတော်ဖေးရီဆောင်မှာပဲနေနေလိုက်တာမဟုတ်ဘူး

ရောက်ရောက်ခြင်းမျက်​ေစောင်းတွေလိမ့်ထိုးနေတဲ့သခင်လေးကြောင့် သူဘာအမှားများလုပ်ထားမိလဲလို့အသည်းအသန်ပြန်စဥ်းစားရသေး
သူဘာအမှားမှမလုပ်ထားမိပါဘူး
သခင်လေးနဲ့ အမတော်အဆောင်ကိုဟိုဖက်ကူးလိုဒီဘက်ကူးလိုက်နဲ့ကြိုးကြိုးစားစားအလုပ်လုပ်ပေးနေတာပါ
သခင်လေးဘာကိုအလိုမကျဖြစ်နေပါလိမ့်
ဒါမှမဟုတ် ဂရုစိုက်ခံရလွန်းလို့
ငါ့သခင်လေး နည်းနည်းလွတ်သွားတာလားပဲ

Chance🐰မထင်မှတ်ထားသောအခွင့်​​အရေး🐰S1 {Completed}Where stories live. Discover now