Part 45

7.9K 766 15
                                    

"အရှင် ကျွန်တော်လည်း လိုက်မယ်လို့"

စစ်ချီထွက်မှာပါ လိုက်မယ်အတင်းပူဆာနေတဲ့ကလေးငယ်က စစ်တိုက်သွားမှာကို
သွားကစားမယ်များထင်နေလားပဲ
အန္တရာယ်များလို့မခေါ်ချင်တာပါကလေးရယ်
ကလေးကို ထိခိုက်မိမှာဆိုးလို့ပါ ဒါကိုအဆိုးလေးလိုက်အတင်းရစ်ကျနေတယ်

"အန္တရာယ်များလို့ မလိုက်ခိုင်းတာပါ ကလေးရယ် "

"အရှင်ကလည်း ကျွန်တော်လည်း ယောက်ျားလေးပါ စစ်တိုက်ထွက်ချင်တာပေါ့ "

လူကြည့်တော့ သေးသေးကွေးကွေးလေးနဲ့ စစ်တိုက်ထွက်ချင်သေးတယ်တဲ့
လူသတ်ဖို့မပြောဖို့ သွေးမြင်တာနဲ့ မေ့လဲသွားမှာ ကို ဒီပိစိ​က ကြီးကြီးကျယ်ကျယ်တွေပြောနေတာမို့ မယုံသလ်ိုမေးလိုက်တော့

"လူသတ်ရဲလို့လား ကလေး က "

"ဟမ် လူသတ်ရမယ် "
မျက်လုံးပြူးပြူးလေးနဲ့ အံသြသလိုမေးလာတဲ့ ကလေး နဂိုထဲက မခွဲချင်ပါဘူးဆို  မထားခဲ့နိုင်အောင်လုပ်နေတာ

"စစ်တိုက်ပါတယ်ဆို လူသတ်ရမှာပေါ့ကလေး ရဲ့ "

"လူတော့မသတ်ရဲပေမယ့် အထင်မသေးနဲ့နော် ခရာတေး ခါးပတ်နက်နဲ့ ဂျူဒို ခါးပတ်နက်ရထားတာ အောင်လအန်ဆန်ကိုလည်း စိန်ခေါ်ထားသေးတယ် ဒီကိုရောက်လို့သာ မပြိုင်လိုက်ရတာ "

"ဘာတွေပြောနေတာလဲ ခါးပတ်နက်ဆိုတာဘာကိုပြော​တာလဲ ကလေး"

"အရှင်ပိန်းဥရှင်းပြလဲနားလည်မှာမဟုတ်ဘူး"
ဟမ်  ကလေးက သူ့ကို ပိန်းဥလို့ပြောတာလား  သူကလူပါ ဒီနေ့ကလေးစကား​ပြောတာတွေကထူးဆန်းနေရတာလည်း သေချာတာကတော့ သူ့ကိုယ်သူချီးကျူးနေမှာပဲနေမှာ
ကလေးအကြောင်း ဒီလောက်တော့သိပါတယ်
မဖြစ်ဘူး လုံးဝခေါ်လို့မဖြစ်ဘူး သူ့စိတ်မချဖြစ်နေရတာနဲ့ပဲ စစ်တိုက်ရမှာမဟုတ်ဘူး

"ကလေးကပါ စစ်တိုက်ထွက်ရင် မျမ်မျမ်တို့
ချင်မင်းသမီးတို့ကို ဘယ်သူက ကြည့်ပေးမှာလဲ မယ်တော်နဲ့ ဒွေးတော်ကို ဘယ်သူက ကာကွယ်ပေးမှာလဲ ကိုယ့်ရဲ့ ကသေူရဲကောင်းလေးက ကာကွယ်ပေးရမှာပေါ့ ဟုတ်ဘူးလား "

Chance🐰မထင်မှတ်ထားသောအခွင့်​​အရေး🐰S1 {Completed}Where stories live. Discover now