Part 6

14.1K 1.2K 22
                                    

"အထိန်းတော်ရန် မိဖုရားကိုကိုယ်တော့ဆီကိုအခေါ်တော်လွှတ်လိုက်ပါအုံး"

ညီလာခံကပြန်လာလာခြင်းအနားတောင်မယူ
နိုင်ဘဲအရေးတကြီးပြောပါသောအရှင်ကြောင့်အထိန်းတော်ရန်လည်းမိဖုရားအဆောင်သို့သုတ်ခြေတင်ရတယ်
အရှင့်အတွက်ဘာတစ်ခုမှမကြန့်ကြာစေလို

အထိန်းတော်ရန်ထွက်သွားတော့
"ရှင်းချန် ဝင်လာခဲ့"

"အရှင့်ကိုဂါရဝပြုပါတယ်အရှင်"

"အင်း လာခဲ့အနားကို"

ရှင်းချန်အနားသို့ရောက်လာသည်နှင့်အရေးတကြီးမိန့်လာပါသောအရှင်

"ရှောင်းနိုင်ငံကရောက်လာတဲ့ကြင်ရာတော်ရှောင်းကိုစောင့်ရှောက်ဖို့ ကိုယ်ရံတော် ဝမ်နင်ကိုလွှတ်လိုက် သူ့ကိုနဲနဲလေးတောင်အထိအခိုက်မရှိပါစေနဲ့
ကိုယ်တော့်ကိုယ်စောင့်ရှောက်သလိုပဲ
ကြင်ယာနတာ်ရှောင်း​ကိုလည်းကာကွယ်စောင့်ရှောက်ပါလို့"
ကြင်ယာတော်ကိုစောင့်ရှောက်ဖို့အရှင့်ရဲ့အရေးပါဆုံးကိုယ်ရံတော်နှစ်​ယောက်ထဲကဝမ်နင်ကိုလွှတ်တယ်ဆိုတည်းကကြင်ယာတော်ရှောင်းဟာအရှင့်အတွက်ဘယ်လောက်အရေးပါမှန်းရှင်းချန်သိပါသည်

ထပ်မိန့်လာသောအမိန့်ကြောင့်ရှင်းချန်လည်းအရှင်ကိုအရိုအသေပေးကာထွက်လာပီးဝမ်နင်ကိုအလျင်အမြန်ရှာရတော့သည်
အရှင်ကအမြန်ဆုံးဆောင်ရွက်ပါတဲ့လေ

ရှင်းယွမ် အရှင်ကအခေါ်တော်လွှတ်သည်မို့
အလှဆုံးပြင်ကာ
အရှင့်နန်းဆောင်သို့သွားရတယ်
အမွှေးနံသာအိတ်လေးကိုတော့မေ့လို့မရဘူး
အရင်ကမိမိမျက်နှာအညှိုးမခံတဲ့အရှင်ကဒီအရက်ပိုင်းအနည်းငယ်ပြောင်းလဲနေတာ
ယွမ်ရိပ်မိပါတယ်
ပုံမှန်မိမိနဲ့အတူအိပ်ဆောင်ဝင်နေကျ
မိမိကိုမှပွေ့ဖက်မရရင်အိပ်မပျော်ပါသောအရှင်က
မနေ့ညကခေါင်းကိုက်လို့ဆိုပီးမိမိကိုရှောင်ဖယ်သွားသည်မလား
ဒီပြသနာတွေးအားလုံးရှင်းဖို့
ကြင်ယာတော်ရှောင်ကိုအမြန်ဆုံးရှင်းပစ်ဖို့အရှင့်ကိုတိုက်တွန်းရမယ်

အထိန်းတော်ရန်ကမိဖုရာ​းရောက်နေသည်ကိုအကြောင်းကြားမယ်ပြင်တော့
မိဖုရားကလက်ပြကာ
သူမကိုယ်တိုင်လျှောက်မည်တဲ့
အသံကိုအချိုသာဆုံးဖြစ်အောင်ပြင်ကာ

Chance🐰မထင်မှတ်ထားသောအခွင့်​​အရေး🐰S1 {Completed}Where stories live. Discover now