Chapter 63.1

7.6K 1.5K 53
                                    

[Unicode]

ကျိုးတုက ရုတ်တရက်စိတ်လျော့လိုက်ပြီး ဖုန်းမကိုင်ခင် ဖုန်းခေါ်ဆိုမှုအားအဆုံးသတ်လိုက်သည်။

သူက အိပ်ရာပေါ်ပြန်လဲလိုက်ပြီး သူ့လက်ကို ခေါင်းအနောက်တွင်ထားလိုက်၏။

သူရှယောင်၏ လမ်းခွဲခြင်းအကြောင်းပြချက်အား လုံးဝနားမလည်ခဲ့ပေ သူက ပိုက်ဆံကြောင့်ဟူ၍တောင် အကြောင်းပြခဲ့သေး၏။ တစ်လျှောက်လုံး ကျိုးတု၏နှလုံးသားထဲကလည်း ထိုဟာကတစ်ခုခုမှားနေကြောင်းသိနေခဲ့သည်။ ထိုကိစ္စကြောင့်ပဲ B မြို့တွင်ဆက်နေဖို့ဆုံးဖြတ်ချက်ချမိခဲ့ပြီး ကြိုးကြိုးစားစားနှင့်ငွေစုဖို့ဖြစ်စေခဲ့သည်။ ရှယောင်က အိမ်ကြောင့်လမ်းခွဲ ခဲ့ခြင်းမဟုတ်ဘူးဆိုသည်ကတော့ သူယခုမှအမှန်တကယ်နားလည်ခဲ့ရခြင်းဖြစ်သည်။

ကျိုးတုက သူ့ရဲ့လဲနေသည့်အနေအထားအားပြင်လိုက်ပြီး ဘေးဘက်သို့စောင်းလိုက်၍ ပြတင်းပေါက်အပြင်ဘက်က ထွန်းလင်းနေသည့် လအားကြည့်လိုက်သည်။ သူလမ်းခွဲရခြင်းရဲ့ တကယ့်အကြောင်းအရင်းက ရှအမေရဲ့အပူလောင်မှုကြောင့်ဖြစ်မယ်ထင်တယ်။

ရှအမေက ရှယံယံအားသိပ်ခဲ့ပြီးနောက် သူမက သူမသား၏အခန်းအားသွားလိုက်ပြီး တံခါးခေါက်လိုက်သည်။

ရှယောင်က သူ့ကွန်ပျူတာဖြင့် အလုပ်လုပ်နေခဲ့တာဖြစ်သည်။ တံခါးခေါက်သံအားကြားလိုက်ရသည်နှင့် သူ့မျက်မှန်အားချွတ်လိုက်ပြီး တံခါးထဖွင့်လိုက်သည်။

" အလုပ်လုပ်နေတာလား " ရှအမေက သူဖွင့်ထားသည့် ကွန်ပျူတာအား သတိထားလိုက်မိပြီး မေးလိုက်သည်။

ရှယောင်က ခေါင်းခါလိုက်၍ အပြင်သို့ထွက်လာသည်။

" ဘာဖြစ်လို့လဲ " ရှယောင်ကမေးလိုက်၏။

ရှအမေက သက်ပြင်းချလိုက်ပြီး ဆိုဖာဆီသို့လျှောက်သွားလိုက်၍ ရှ​ယောင်လည်း သူမနောက်မှလိုက်လာခဲ့လိုက်သည်။

" ထိုင်အုံး မား သားကိုပြောစရာရှိတယ် "

ရှယောင်က သူ့အမေသူ့ကို နောက်ထပ်လက်ထပ်ဖို့အကြောင်း ပြောမည်ဟု ယူဆလိုက်တာကြောင့် သူ့အမေဘေးနား မထိုင်ခင် မျက်မှောင်ကြုံ့ လိုက်မိသည်။

© ကျွန်တော့်မိန်းမကကျွန်တော်သူ့ကိုမချစ်ဘူးလို့ပဲထင်နေတယ် [ဘာသာပြန်]Where stories live. Discover now