Chapter 21

15.4K 2.7K 63
                                    

[Unicode]

ဘာလဲ ရှယောင်ကမင်းရဲ့မိန်းမမို့လို့လား

အနမ်းလိုမျိုးအရာဆိုတာက တစ်ခါမှအတွေ့အကြုံမရှိဖူးတာကြောင့် ကျိုးတုအတွက်တော့အတော်လေးခက်ခဲတဲ့အရာဖြစ်သည် တစ်စုံတစ်ယောက်ကိုအိမ်ပြန်ပို့ပေးတယ်ဆိုတာကသေချာပေါက်အတွေ့အကြုံမလိုဘူးလေ။

အိမ်ပြန်လိုက်ပို့ပေးတယ်ဆိုတာက ဘာကျွမ်းကျင်မှုမှမလိုသော်လည်း နမ်းဖို့ဆိုတာကတော့ သတ္တိရှိမယ်ဆိုရင်တောင် အ​ခြားအရာတွေကလိုအပ်သေးသည်။ အရမ်းကိုဖြူစင်လွန်းတဲ့ အဖြူထည်ကျိုးတုလေးကတော့ ဒီနေ့ နေ့ခင်းမှာလည်းရှယောင်ကိုအိမ်ပြန်ပို့ပေးရန်အတွက်ဆုံးဖြတ်ချက်ချလိုက်တော့သည်။ သို့သော်လည်း ကိုယ်ဖြစ်ချင်တဲ့အရာကဖြစ်မလားတတ်ဘူးဆိုသလိုပဲ ရှယောင်ကဒီနေ့လုပ်အားပေးအဖွဲ့ထဲတာဝန်ကျတာမို့ကျောင်းမှာနေခဲ့ရသည် ဒါ့ကြောင့်ကျိုးတုလည်းရွေးစရာမရှိပဲ လေ့ကျင့်ရေးနေရာသို့လိုက်ခဲ့ရတော့သည်။

ဝမ်ဟောင်ကတော့ဒီနေ့နေ့ခင်းဘာထရိန်နင်မှမရှိပေ သူရဲ့မူလရည်ရွယ်ချက်က ကျန်းယန်ကိုရှောင်ဖို့အတွက်ကျိုးတုကိုအိမ်ပြန်ပို့ပေးရန်ဖြစ်သော်လည်း အဆုံးမှာတော့ ကျန်းယန်၏အတန်းဆီသို့ မညှာမတာဆွဲခေါ်သွားခံရတော့သည်။

ဝမ်ဟောင်ထွက်သွားပြီးတော့ ကျိုးတုကပရိတ်သတ်တွေထိုင်သည့် ထိုင်ခုံမှာထိုင်ရင်း ရှယောင်ကိုကြည့်နေရင်းဖြင့်အလုပ်များနေတော့သည်။

အန်းဖန်ဖန်ကရှယောင်နဲ့အတူဒီနေ့မနေခဲ့ပေ ထို့ကြောင့်ကျိုးတု၏ခံစားချက်တွေသည်လည်းအတော်ကိုကောင်းနေသည် သူတစ်ခုခုလုပ်ရန်ခံစားလိုက်ရတာကြောင့် ရှယောင်အနောက်သို့ ထော့နဲ့ထော့နဲ့ခြေထောက်လေးဖြင့်လျှောက်သွားလိုက်သည်။

ရှယောင်ကတာတိုပြေးတဲ့လူတွေအတွက်အချိန်မှတ်ပေးနေရတာနှင့်အလုပ်များနေခဲ့တာကြောင့် ကျိုးတုတစ်ယောက်သူ့အနောက်မှာမတ်တပ်လာရပ်နေတာကိုသတိမထားမိခဲ့ပေ။ ကွင်းရဲ့အခြားတစ်ဖက်သို့ခေါင်းလှည့်ကြည့်လိုက်သည့်အချိန် ကျိုးတုရင်ခွင်ကြီးထဲသို့တန်းတန်းမတ်မတ်ကြီးရောက်ရှိသွားတော့သည်။

© ကျွန်တော့်မိန်းမကကျွန်တော်သူ့ကိုမချစ်ဘူးလို့ပဲထင်နေတယ် [ဘာသာပြန်]Where stories live. Discover now