Chapter 34 - 1

10.7K 2K 9
                                    

[Unicode]

ကျန်းရှီဝမ်ရဲ့အိမ်ကနေထွက်လာပြီးတဲ့နောက်မှာတောင်မှ ရှ​ယောင်ကကျိုးတုကိုကြည့်ဖို့ မဝံ့ရဲသေးပေ။

ကျိုးတုကသူ့ရဲ့နောက်ဆုံးဒိုက်ထိုးခြင်းပြီးဆုံးသွားပြီးနောက် သူကတမင်သက်သက်လား အမှန်တကယ်လားမသိစွာဖြင့် ရုတ်တရက် ရှယောင်၏ သေးငယ်လှသောကိုယ်ပေါ်လေးသို့ သူ့ကိုယ်သူလဲချလိုက်သည်။

ရှယောင်က သူ့ကိုထဖို့ကူညီပေးဖို့ပေမယ့် မမျှော်လင့်ထားပဲ ကျိုးတုက သူ့လည်ပင်းကိုနမ်းလိုက်သည့်အခါ ရှယောင်လည်း ကြောက်ပြီးတကိုယ်လုံး တောင့်တင်းသွားတော့သည်။ သူတို့ကိုကြည့်နေကြသည့် မျက်လုံးတွေအများကြီးအောက်မှာရှယောင်က ရင်ဖိုပြီး ပျော်နေသလို တစ်ချိန်တည်းမှာပဲစိုးရိမ်ပြီးကြောက်နေမိသည်။

ကျန်းရှီဝမ်၏ပွဲလေးမှာတော့ သူ့သူငယ်ချင်းမိန်းကလေးတွေနှင့် သူ့ကောင်လေးတို့သာကျန်ရှိတော့သည်။ ကျိုးတုကအစထဲကဒီပွဲကိုလာချင်ခဲ့တာမဟုတ်ပေ။ သူကရှ​ယောင်နဲ့အတူဒီနေရာကထွက်သွားပြီး တစ်ခုခုသာလုပ်ချင်သည် သိပ်မကြာခင်မှာပဲ ထိုအခွင့်အရေးကိုသူတွေ့သွားခဲ့၏။

ရှယောင်ကသူထွက်မသွားခင် ကျန်းရှီဝမ်ကသူ့ကိုအဓိပ္ပါယ်ပါသော သံသယအကြည့်ကြီးဖြင့်ကြည့်နေသည်ဟုတွေးလိုက်မိသည်။ ဒါ့ကြောင့်သူက ကျိုးတုလက်မောင်းလေးကိုဖြည်းဖြည်းလေး တို့ထိလိုက်ရင်းမေးလိုက်၏ " အမ် ကျန်းရှီဝမ် သူ... သူငါတို့ကိုမသင်္ကာဖြစ်နေတာလား "

ရှယောင်က တစ်ခြားလူတွေရဲ့အမြင်ကိုတော်တော်လေးဂရုစိုက်တာကို သူသိတာကြောင့်ကျိုးတုခမျာ ရှယောင်ကို အဲ့မေးခွန်းအတွက်အဖြေကိုတည့်တည့် မဖြေရဲပေ လူတိုင်းသိနေသည့်သူတို့ရဲ့အကြောင်းကိုတော့ ကျန်းရှီဝမ်ကသိနေပြီးသားဆိုတာလေးတစ်ခုတော့ ဝန်ခံလိုက်သည်။

" မင်းဗိုက်ဆာလား ညလယ်စာသွားစားကြမယ်လေ "

ရှယောင်ကသူ့ခေါင်းကိုခါလိုက်ပြီး " နောက်ကျနေပြီ ငါတို့အိမ်ပဲပြန်သင့်တယ် ဟုတ်သားပဲ မင်းမနက်ဖန်အားလား "

© ကျွန်တော့်မိန်းမကကျွန်တော်သူ့ကိုမချစ်ဘူးလို့ပဲထင်နေတယ် [ဘာသာပြန်]जहाँ कहानियाँ रहती हैं। अभी खोजें