Chapter 5

21.5K 3.4K 60
                                    

(Unicode)

သူမှားခဲ့တယ်ဆိုတာသူသိတယ်


ရှယောင်အိပ်ရာပေါ် လှဲနေရင်း လက်က
အင်္ဂလ်ိပ်စာအုပ်ကိုကိုင်ထားသည်။ အစကတော့သူမအိပ်ခင် စာဖတ်ဖို့ကြံရွယ်ခဲ့သော်လည်း ခေါင်းထဲစာတစ်လုံးမှမဝင်တာကြောင့် စာဖတ်ခြင်းကိုလက်လျော့လိုက်ရသည်။

စာအုပ်ကိုသူ့မျက်နှာရှေ့ကိုင်ထားသော်လည်း အတွင်းစိတ်ထဲမှာတော့အတွေးပေါင်းများစွာဖြင့် ရှုပ်ထွေးနေခဲ့၏။

ကျိုးတု တို့မိသားစုကအခုဆိုရင်ကလေးလေးတစ်ယောက်မွေးလာပြီမို့ပျော်နေကြသော်လည်း သိပ်မကြာခင်သူတို့ပျော်နိုင်ကြတော့မည်မဟုတ်ပေ။

အဘယ့်ကြောင့်ဆိုသော် ကျိုးတု၏ ယခုမှမွေးဖွားလာသော ညီမလေးသည် ကျန်းမာရေးမကောင်းခဲ့ပေ။ ဆရာဝန်များ၏ ပြောပြချက်အရ thalassemia ရောဂါဖြစ်နေခြင်း ဖြစ်၏။ ထိုအချိန်အတွင်း ကျိုးတုလည်းအတော်ကိုစိတ်ဓာတ်ကျခဲ့ရသည်။

(thalassemia ရောဂါဆိုတာက မိသားစုကနေတစ်ဆင့်မျိုးရိုးလိုက်တဲ့ သွေးရောဂါပါတဲ့ ခန္ဓာကိုယ်ကပုံမှန်မဟုတ်တာ (သို့) ဟီမိုဂလိုဘင်ပမာဏမလုံလောက်တာမျိုးတဲ့ ဟီမိုဂလိုဘင်ဆိုတာကသွေးနီဥတွေကနေမှ အောက်စီဂျင်သယ်ဆောင်တဲ့ပရိုတင်းဖြစ်ပြီးတော့ အဲ့ရောဂါကြောင့်သွေးနီဥများအမြောက်အများဖျက်ဆီးခံရပြီးတော့သွေးအားနည်းရောဂါဖြစ်စေတာပါတဲ့ နားလည်ရဲ့လားတော့မသိဘူး ကိုယ်လည်း Google ကနေရှာရတာပါဆေးပညာနဲ့ကအလှမ်းဝေးတော့သေချာတော့မရှင်းပြတတ်ဘူး )

ရှယောင်ထိုအကြောင်းကိုမတော်တဆသိခဲ့ရခြင်းဖြစ်သည်။ ထိုအခါသူက ကျိုးတုနှင့်အရင်တွေ့ပြီး ရိုးတွင်း​ခြင်ဆီစစ်ဆေးသည့် အထဲသူပါမည်လို့ပြောခဲ့လိုက်သည်။ ရှယောင်မထင်ခဲ့သည်က သူ့ရဲ့စစ်ဆေးမှုဟာကိုယ်ညီခဲ့မည်ဆိုတာကိုပင်။

ကျိုးတုအမေက ရှယောင်လက်ကိုဆွဲထားရင်းနဲ့ပဲငိုနေတာမရပ်တော့ပေ။ ရှယောင်ကအစထဲက ကျိုးတုညီမလေးကိုကယ်ဖို့အတွက်ဆုံးဖြတ်ထားပြီးသားဖြစ်သည်။ သို့သော်လည်း သူကျိုးတုကိုလှည့်ကြည့်မိသည့်အခိုက် အကြံတစ်ခုရသွားခဲ့၏။

© ကျွန်တော့်မိန်းမကကျွန်တော်သူ့ကိုမချစ်ဘူးလို့ပဲထင်နေတယ် [ဘာသာပြန်]On viuen les histories. Descobreix ara