Chapter 70 (Ending)

19.6K 1.8K 73
                                    

[Unicode]

" မရဘူး " ရှယောင်က ကျိုးတုဒီလိုမျိုး Miss sun ရဲ့တောင်းဆိုမှုကို သူတောင်ဘာမှမပြောရသေးခင် ခိုင်ခိုင်မာမာငြင်းဆိုလိမ့်မည်ဟု ထင်မထားခဲ့မိပေ။

Miss sun ကရှယောင်ကိုသာကြည့်နေပြီး သူမ မျက်လုံးများက ရှယောင်အပေါ်တွင်သာကပ်တွယ်နေ၏။ သူမက စိတ်အားထက်သန်စွာဖြင့် မေးလာသည်။ " ငါသူ့ကို ရက်နည်းနည်းလောက်ပဲခေါ်သွားချင်တာပါ။ ရှယောင် နင် အမေတစ်ယောက်ရဲ့ခံစားချက်ကို နားလည်သင့်ပါတယ်... "

ကျိုးတုက သူမစကားကိုဖြတ်ပြောလိုက်ချင်သော်လည်း ရှယောင်က ကျိုးတုရဲ့လက်လေးကိုကိုင်ပြီး တားလာခဲ့သည်။ ထို့နောက် သူကဖြည်းဖြည်းချင်းပြောလိုက်၏။ " ငါ ယံယံရဲ့ရွေးချယ်မှုကို အလေးထားတယ် "

Miss sun ရဲ့မျက်လုံးတွေက ရှယောင်ပြောသည့်စကားလည်းကြားရော တောက်ပလာသည်။ သူမက ဘေးနားကယံယံကိုကြည့်လိုက်ပြီး သူမအပြုံးတွေက စတင်နူးညံ့လာသည်။

အိမ်ပြန်လမ်းတွင် ကျိုးတုကတိတ်ဆိတ်နေသည်။ ရှယောင်ကသူ့ဘေးမှာထိုင်နေခဲ့ပြီး ယံယံကတော့ အနောက်ကကလေးထိုင်ခုံတွင် ရှိမနေခဲ့ပေ။

ကျိုးတုက မရွှင်ပျစွာဖြင့်ပြောလာသည်။ " ယံယံရဲ့ကြီးပြင်းလာမှုတွေအားလုံးက မင်းကျေးဇူးတွေပဲလေ အဲ့တာတောင် သူကဘာလို့ လာပြီးယံယံကိုခေါ်သွားလို့ရတယ်လို့ ထင်နေရတာလဲ "

ရှယောင်ကသူ့ကိုပြန်မဖြေပေ။ ပြတင်းပေါက်အပြင်ဘက်ကိုသာ ဆက်ကြည့်နေ၏။ ကျိုးတု မျက်နှာက ပိုပိုပြီးမဲမှောင်လာရသည်။ နောက်ဆုံးတော့ ရှယောင်ကသက်ပြင်းချလိုက်ပြီး ဖြည်းဖြည်းချင်းပြောလာသည်။ " ဘာလို့လဲဆိုတော့ သူကယံယံရဲ့အမေအရင်းဖြစ်နေလို့လေ "

" ပြီးတော့ မင်းကလည်းသူ့အဖေပဲလေ။ မင်းက သူ့ကိုပြုစုပျိုးထောင်ပေးခဲ့သူ။ သူ့ကိုအဝေးခေါ်သွားနေတာမြင်တာတောင် မင်းကဝမ်းမနည်းပါဘူးလို့ ပြောပြီး ညာနေတာပဲ "

ရှယောင်က တစ်ချိန်ထဲသူ့ခေါင်းကိုလှည့်လို့ ကျိုးတုကိုကြည့်လိုက်သည်။ " ဒါပေမယ့် ယံယံကသူနဲ့အတူသွားဖို့ရွေးလိုက်ရင် ဘယ်လိုလုပ်မလဲ။ ငါပြောချင်တာက ငါကအမြဲတမ်းသူ့ကို သူ့အမေကချစ်ကြောင်းနဲ့ အလုပ်မအားလို့သူ့ကိုလာမတွေ့နိုင်တဲ့အကြောင်း ပြောခဲ့တာ။ ယံယံက အရုပ်တွေကိုသဘောကျတယ် အဲ့တာကြောင့် တခါတလေ ငါ သူ့ကိုအရုပ်တွေပေးရင် သူ့အမေကသူ့အတွက်ဝယ်ပေးတာလို့ ပြောပြီးပေးခဲ့တာ "

© ကျွန်တော့်မိန်းမကကျွန်တော်သူ့ကိုမချစ်ဘူးလို့ပဲထင်နေတယ် [ဘာသာပြန်]Where stories live. Discover now