Chapter 9

19.9K 3.2K 54
                                    

(Unicode)

ဘာလို့ငါ့ကိုလျစ်လှူရှူထားတာလဲ

ရှယောင်အမေကသဘောတူလိုက်တော့ ဆရာဝန်ကရှယောင်သွေးကိုထုတ်ယူသွားခဲ့သည်။ သူပြောတာတော့ အသေးစိတ်စစ်ဆေးမှုတွေထပ်လုပ်ရန်ဟူ၍ဖြစ်သည်။

(T/N: အသေးစိတ်စစ်ဆေးဖို့ဆိုတာကတော့ အလှူခံမယ့်သူနဲ့ လှူမဲ့သူရဲ့ Cell တွေအနီးစပ်ဆုံးကိုက်ညီမှုရှိရဲ့လားဆိုတာစမ်းသပ်တာပါတဲ့)

သွေးထုတ်ပြီးသွားတော့ ကျိုးတုအဖေကရှယောင်နှင့်ရှယောင်အမေကိုအိမ်သို့ပြန်ပို့ပေးသည်။

ရှယောင်အမေရဲ့လက်ထိခိုက်မှုကြောင့် ရက်အနည်းငယ်လောက်ဆိုင်ပြန်မဖွင့်နိုင်ပေ။ သူတို့အိမ်ပြန်ရောက်တော့ ရှ​​ယောင်အ​မေကစျေးသို့တန်းသွားပြီးကြက်တစ်ကောင်ဝယ်​တော့သည်။ ပြီးတော့ပြောလာ၏။ ဒါကရှယောင်ပြန်ပြီးအားပြည့်ဖို့အတွက်ဖြစ်ပါသတဲ့။ ရှယောင်ခဗျာမှာတော့အံ့သြမှင်တက်နေမိတော့သည်။

သိပ်မကြာခင်သူဆေးရုံမှာသွားနေရတော့မှာကိုရှယောင်လည်းသိသည် ထို့ကြောင့်နဲ့သူအမေကိုစိတ်မပူစေချင်တာကြောင့် သူ့အမေချက်ကျွေးတဲ့ အရသာရှိလှသောကြက်စွပ်ပြုတ်ကိုအကုန်သောက်ပစ်လိုက်တော့သည်။

ရှယောင်အမေသည်တော့ ပျော်ရွှင်စွာဖြင့်သာရယ်ပြနေသည်။

အသေးစိတ်စမ်းသပ်မှုရဲ့ရလဒ်ကလည်းအတော်မြန်မြန်ထွက်လာခဲ့သည်။ ရှယောင်ကအကုန်လုံးနဲ့ကိုက်ညီခဲ့သည်။ ဆရာဝန်က နောက်ငါးရက်နေရင်ဆေးရုံမှာနေဖို့စီစဥ်ရန်လည်းရှယောင်ကိုပြောခဲ့လေသည်။

ရှယောင်ကအခြေအနေတွေအားလုံးကို သမ္မတကတော်ကြီးအားအကုန်ရှင်းပြလိုက်တော့ သူ့အတွက်ဂုဏ်ပြုပွဲတောင် သမ္မတကတော်ကြီးကပြန်လုပ်ပေးခဲ့သေးသည်။

သူဆေးရုံတက်ရတဲ့နေ့ရောက်တော့ သူ့ဆီကိုလာလည်တဲ့အတန်းဖော်တွေ ဆရာ ဆရာမတွေနဲ့ ကျောင်းသားခေါင်းဆောင်တို့နှင့် သူ့အခန်းလေးကပြည့်နေတော့သည်။

" ဒါကကောင်းတဲ့အရာပဲ လူအများသိအောင်တောင်လုပ်ပေးသင့်တယ် " ကျောင်းအုပ်ကြီးကဒီလိုပြောတော့ ရှယောင်မှာအသည်းအသန်ကိုငြင်းချက်ထုတ်ရတော့သည်။ ကျိုးတုအဖေရောက်လာတော့ ရှယောင်ရဲ့အခန်းလေးကတိတ်ဆိတ်နေခဲ့ပြီဖြစ်သည်။

© ကျွန်တော့်မိန်းမကကျွန်တော်သူ့ကိုမချစ်ဘူးလို့ပဲထင်နေတယ် [ဘာသာပြန်]Where stories live. Discover now