Chapter 54

6.9K 1.4K 331
                                    

[Unicode]

ရှအမေ၏ဒုတိယမြောက်ခွဲစိတ်မှုက လုံးဝကိုအောင်မြင်ခဲ့သည်။ မကြာခင်မှာသူ့အမေပြန်ကောင်းလာတော့မည့်အကြောင်းကို သိလိုက်ရတဲ့ရှယောင်ကအရမ်းကိုပျော်ရွှင်နေမိပြီး သူ့အမေ၏ပြောသင့်မပြောသင့်ချိန်ဆနေရသည့် အကြည့်တွေကိုတော့ သူသတိမထားခဲ့မိပေ။

ရှအမေသည်အဲ့နေ့တွင်ပဲ သာမန်လူနာခန်းသို့ ပြောင်းရွှေ့လာရသည်။ ရှယောင်က သူမ၏ခုတင်ဘေးက ထိုင်ခုံလေးပေါ်တွင်ထိုင်နေခဲ့၏။ သူ့ခေါင်းကိုငုံ့ထားလျှက်ဖြင့် သူမအတွက်ပန်းသီးအခွံခွာပေးနေသည်။ သူမက သူမ၏ခေါင်းကိုလှည့်လိုက်ပြီး သူမသား၏ခေါင်းထိပ်လေးကိုကြည့်လိုက်သည်။ သူမပါးစပ်ကိုဖွင့်လိုက်သော်လည်း ဘာစကားမှတော့ထွက်အံကျမလာပေ။

သူ့အမေ၏အကြည့်ကိုသတိပြုမိတဲ့ရှယောင်က သူ့ခေါင်းကိုမော့ပြီး သူ့အမေကိုကြည့်လိုက်၏ " ဘာဖြစ်လို့လဲ မား? " ရှယောင်ကမတ်တပ်ရပ်လိုက်ပြီး ခပ်သွက်သွက်သူ့အမေနားရောက်လာခဲ့သည်။ သူမအတွက် စောင်ကိုညှိပေးလိုက်၏ " တစ်နေရာရာကနာနေလို့လားဟင်? " ရှအမေက သူမ၏ခေါင်းကို တိတ်တဆိတ်ဖြင့်သာခါလိုက်သည်။ သူ့အမေဘေးနားကဗလာဖြစ်နေသည့်ခွက်ကိုကြည့်လိုက်ပြီးနောက် ထိုခွက်ကိုယူလိုက်၍ သူမအတွက်ရေတစ်ခွက်ထည့်ပေးရန်ကြံရွယ်လိုက်သည်။

ရှအမေက သူ့ကိုအသံပြာဖြင့်ခေါ်လာခဲ့သည် " ယောင်ယောင် " လက်ထဲမှာလုပ်နေသည့်ကိစ္စကိုရပ်လိုက်ပြီး သူ့အမေကိုခပ်သွက်သွက်ပြန်ကြည့်လိုက်၏။ " ထိုင်အုံး မားမားကသားကိုပြောစရာလေးရှိလို့ " ထို့နောက် ရှယောင်ကသူ့ရဲ့ထိုင်ခုံလေးကိုပြန်သွားပြီး နာခံစွာထိုင်လိုက်သည်။ ရုတ်တရက် သူ့နှလုံးကတဒိန်းဒိန်းခုန်လာသည်။ သူ့အမေနောက်ပြောလာမည့်အရာက သိပ်မကောင်းဟု သတိပေးလိုက်သလိုပင်။ ထင်သင့်အတိုင်းပင် သူ့အမေကသူ့ကျောင်းအကြောင်းမေးလာပြီးနောက် တခြားအကြောင်းအရာဘက်သို့ ပြောင်းမေးလာ၏ " သား...နိုင်ငံခြားမှာကျောင်းသွားတက်ချင်လား? "

လန့်သွားသော ရှယောင်၏မျက်လုံးများကပြူးကျယ်လာသည် " မား ဘာလို့အဲ့လိုမေးတာလဲ? ကျွန်တော်အခုတက်နေတဲ့ကျောင်းနဲ့ ကျွန်တော်အဆင်ပြေပါတယ် "

© ကျွန်တော့်မိန်းမကကျွန်တော်သူ့ကိုမချစ်ဘူးလို့ပဲထင်နေတယ် [ဘာသာပြန်]Where stories live. Discover now