Chapter 24

14.8K 3.1K 204
                                    

[Unicode]

မတရားဘူးဟုခံစားနေရပြီး ကျိုးတုကပြန်ပြောလိုက်သည် " ဒါပေမယ့် ငါလိုချင်တယ် "

ရှယောင်၏မျက်ရည်တွေက ဆာဖျူရစ်အက်ဆစ်အပြင်းစားပါဝင်သလိုမျိုး ကျိုးတု၏လည်ပင်းပေါ်သို့ကျဆင်းနေခဲ့ပြီး ထိုမျက်ရည်တွေက ကျိုးတုကိုလောင်ကျွမ်းနေသည်ဟုထင်ရစေသည်။ သူကရှယောင်ကို မလွှတ်ပေးရဲသလို ငိုနေသည့်ရှယောင်၏မျက်နှာလေးကိုလည်း ကြည့်ဖို့မဝံ့ရဲပေ သူလုပ်နိုင်သည့်တစ်ခုတည်းသောအရာက ရှယောင်ကိုတင်းတင်းကြပ်ကြပ် ဖက်ထားပေးပြီး လုံးဝမလွှတ်ပေးတော့တာပဲ ဖြစ်တော့သည်။

" ကျိုးတု " ရှယောင်က သူ၏တုန်ရီနေသောအသံဖြင့် ပြောလိုက်သည် " ထပ်ပြောပေးလို့ရမလား "

" ဘာကိုပြောပေးရမှာလဲ " ကျိုးတုကပုံမှန်ပဲ ပြန်ပြောလိုက်သည်။

ရှယောင်မျက်နှာလေးဖြူစုတ်လာသည်။ သူကသူ့ပါးစပ်ကိုဖွင့်လိုက်ပြီး စကားမပြောခင်ခဏလောက်တော့ရပ်နေလိုက်သေး၏။

" မင်း.. မင်းငါ့ကိုကြိုက်တယ်လို့ပြောတာကို ထပ်ပြောပေးလို့မရဘူးလား "

ကျိုးတုကရှယောင်ကို ပိုတိုးပြီးဖက်လိုက်ရင်း သူ့အသံသြသြကြီးဖြင့် ရှယောင် နားကပ်၍ပြောလိုက်သည် " ရှယောင် ငါမင်းကိုကြိုက််တယ် "

" ငါမင်းကိုကြိုက်တယ် ငါတကယ်မင်းကိုကြိုက်တယ် "

" ငါမင်းကိုချစ်တယ် ရှယောင် "

ထိုစကားလုံးများကြားရဖို့ ရှယောင်နှစ်ဘဝလုံးစောင့်ခဲ့ရတာ သူကြားခဲ့တာကိုတောင် သူမယုံနိုင်ဖြစ်နေရသည် သူက ကျိုးတုဖက်ထားသည်ကိုကြိုးစားရုန်းလိုက်ပြီး သူ့အရှေ့ကလူက ကျိုးတုအစစ်ဟုတ်ရဲ့လားဟုစစ်ဆေးလိုက်သေးသည်။

ကျိုးတုက ထိုသို့အတော်ကြာအကြည့်ခံနေရတာကြောင့် ရှက်လာခဲ့သည် ထို့ကြောင့် သူကသူ့ခေါင်းကိုအခြားတစ်ဖက်သို့ ကို့ရို့ကားယား လှည့်ရန်လုပ်လိုက်၏ သို့သော်လည်း ရှယောင် မျက်လုံးထဲကစိတ်ပျက်အားငယ်မှုလေး ဖြစ်သွားသည်ကို မြင်လိုက်ရတော့ ခေါင်းလှည့်မည့်အရေးကိုမလှည့်ပဲနေလိုက်တော့သည်။

© ကျွန်တော့်မိန်းမကကျွန်တော်သူ့ကိုမချစ်ဘူးလို့ပဲထင်နေတယ် [ဘာသာပြန်]Dove le storie prendono vita. Scoprilo ora