Chapter 12

21.3K 3.2K 61
                                    

[Unicode]

ထိုနှစ်တွေအတွင်းမှာသူတို့ကအတူအိပ်ပြီး တစ်ယောက်နဲ့တစ်​​ယောက်လည်းရင်းနှီးတဲ့ဆက်ဆံရေး​တွေရှိထားခဲ့တာ


မကြာခင်ကပဲ ကျိုးတုကမကျေနပ်သောအကြည့်များဖြင့် သူ့ကိုကြည့်နေသည်ဟု ရှယောင်ခံစားမိခဲ့သည်။ ဟုတ်တာပေါ့ တစ်စုံတစ်ယောက်ဆီကနေ မနာလိုစရာသတင်းတစ်ခုကိုကြားသိခဲ့ရသည်ကို။

ထိုနေ့လည်ခင်းမှာပဲ အားကစားအတန်းကိုယ်စားလှယ်က လက်ထဲမှာစာရွက်တစ်ရွက်ကိုကိုင်ထားလျှက် အသက်မရှူနိုင်စွာပြေးဝင်လာခဲ့သည် ဆရာစားပွဲရှေ့မှာရပ်လျှက် စားပွဲခုံကိုအားကုန်ထုချလိုက်ပြီး အော်ပြောလိုက်သည် " သူငယ်ချင်းတို့ စိတ်ညစ်စရာထပ်ပြော ရအုံးမယ် ကျောင်းတွင်းအားကစားပြိုင်ပွဲတွေကစတော့မယ် "

ထိုအချိန်မှာပဲတစ်ခန်းလုံးက လုံးဝကိုတိတ်ဆိတ်သွားတော့သည်။

" ကျောင်းတွင်းအားကစားပြိုင်ပွဲ! ငါတို့ကို မီတာ ၃၀၀၀ ထပ်ပြေးခိုင်းမယ်လို့ မပြောစမ်းပါနဲ့ "

" ငါကိုသတ်မယ်ဆိုရင်တောင်ငါမပါနိုင်ဘူး "

" ငါတို့က အကြီးတန်းတွေဖြစ်နေပြီပဲ မပါလို့မရဘူးလား "

" မရဘူး " အားကစားအတန်းကိုယ်စားလှယ်က အရပ်ရှည်ရှည်နှင့်အသားညိုသောယောကျ်ားလေးတစ်ယောက်ဖြစ်သည်။ သူကအခန်းတစ်ခုလုံးကိုဝေ့ကြည့်လိုက်ပြီး ဆက်ပြောလိုက်သည် " သမ္မတကတော်ကြီးကဒီပြိုင်ပွဲအတွက် အမိန့်ပေးထားတယ် ငါတို့တွေအကုန် ငါတို့မှာရှိသမျှအစွမ်းအစအကုန်ထုတ်ပြီး နောက်ခန်းကကောင်တွေကိုနိုင်အောင်ပြိုင်ရမယ်တဲ့ "

" ငါတို့ကိုသေခိုင်းနေတာလား " ဆံပင်ဖောင်းဖောင်းလေးရှိတဲ့ကောင်လေးက ညည်းညူလိုက်ရင်းခုံပေါ်မှောက်အိပ်လိုက်သည်။ " အဲ့အတန်းထဲမှာ အားကစားအတွက်အထူးရွေးချယ်ထားတဲ့ကျောင်းသားတွေမှအများကြီး "

အတန်းခေါင်းဆောင်ကသူ့မျက်မှန်ကိုပင့်တင်လိုက်ပြီး အလေးအနက်ထားပြောလိုက်သည် " ဒီအားကစားပြိုင်ပွဲအတွက်ကတော့ ကြည့်ရတာ ငါတို့ဥာဏ်ရှိမှပဲ နိုင်လိမ့်မယ်။ခက်ခဲတဲ့လမ်းကို ရွေးလို့ မဖြစ်ဘူး "

© ကျွန်တော့်မိန်းမကကျွန်တော်သူ့ကိုမချစ်ဘူးလို့ပဲထင်နေတယ် [ဘာသာပြန်]Where stories live. Discover now