Chapter 34 - 2

10.6K 2.1K 36
                                    

[Unicode]

ရှယောင်ကနည်းနည်းလောက်သန့်ရှင်းရေးလုပ်ပြီးထားနှင့် ထိုနေရာကထွက်ခဲ့လိုက်တော့သည်။ သူကဒီနေ့မြို့ထဲမှာရှိတဲ့ အကြီးဆုံးသောစာအုပ်ဆိုင်ကြီးသို့သွားရန်စီစဥ်ထားသည် ထိုနေရာမှာကသင်ထောက်ကူပစ္စည်းများလည်းစုံသောကြောင့်ဖြစ်ပေသည်။

ဒီနေ့ကနေသာပြီးနွေးထွေးနေသည်။ ရှယောင်ဘတ်(စ်)ကားပေါ်ကဆင်းတဲ့အချိန်မှာတော့ နေကသူ့အပေါ်မှာတောက်ပစွာသာနေပြီဖြစ်သည်။ တကယ်တော့ စာအုပ်ဆိုင်ကသိပ်မဝေးပါ သို့သော်လည်း သူလမ်းလျှောက်သွားပြီးသောအခါ သူ့ရဲ့နောက်ကျောလေးမှာချွေးတွေတောင်စိုနေခဲ့ပြီဖြစ်လေသည်။

စာအုပ်ဆိုင်ကပိတ်ရက်တွင်လည်းဖွင့်သည်။ ရှယောင်ကဒုတိယထပ်မှာရှိတဲ့ အထက်တန်းကျောင်းဧရိယာကိုပြေးတက်သွားလိုက်သည်။ သူ့ရဲ့တစ်နေ့တာကို ကောင်းသည့်ပစ္စည်းများရွေးခြင်းအတွက်အသုံးချပြီး လိုချင်သည့်ပစ္စည်းများကိုရွေးဝယ်ခဲ့သည်။ သူကရွေးထားသည့်စာအုပ်များအတွက်ငွေပေးချေရန် အောက်ထပ်သို့လမ်းလျှောက်၍ဆင်းလာလိုက်သည်။

ငွေးရှင်းရမည့်ကောင်တာကပထမထပ်တွင်ရှိသည် သို့ပေမယ့်လည်း ထိုနေရာတွင်လူတန်းအရှည်ကြီးကရှိနေသည်။ ရှယောင်ကနည်းနည်းလောက်စဥ်းစားလိုက်ပြီး သူလည်းသိပ်အလျှင်မလိုတာကြောင့် ထိုင်စရာနေရာရှာလိုက်ပြီး စာအုပ်ကိုစဖတ်လိုက်သည်။

သူစာအုပ်ကိုစိတ်ဝင်တစားဖတ်နေသည့်အချိန် သူ့ပခုံးကိုတစ်ယောက်ယောက်ကလာပုတ်လိုက်သည်ဟုခံစားလိုက်ရသည်။

လှပသောကောင်မလေးတစ်ယောက်က သူ့နောက်မှာပြုံးပြီးရပ်နေတာကိုတွေ့လိုက်တော့ ရှယောင်တစ်ယောက်အံ့သြစွာကြည့်နေမိသည်။

" ဟိုင်း ရှယောင် "

ထိုခဏအတွင်းမှာပဲ ရှယောင်က သူမကိုအံ့သြတကြီးကြည့်နေရင်း သူမကိုရင်းနှီးနေသည်ဟုတွေးနေမိသည်။ ထိုကောင်မလေးက ရှယောင်သူ့ကိုသတိမရတာကို သဘောပေါက်လိုက်မိတော့ သူမကသူမရဲ့ပါးကိုဖောင်းလိုက်ပြီး ကွန်ပလိန်းတက်တော့သည် " ငါကဖန်ယောင်ယောင် ငါတို့ရုပ်ရှင်တောင်အတူကြည့်ခဲ့ကြတာလေ နင်မေ့သွားပြီလား "

© ကျွန်တော့်မိန်းမကကျွန်တော်သူ့ကိုမချစ်ဘူးလို့ပဲထင်နေတယ် [ဘာသာပြန်]Where stories live. Discover now