Chapter 42.2

8.1K 1.7K 18
                                    

[Unicode]

ရှယောင်နှလုံးသားလေးနူးညံ့သွားရသည် သူ့လက်ကိုမြှောက်၍ ကျိုးတုမျက်နှာလေးကိုသူ့လက်ဖြင့်ပွတ်သပ်လိုက်ပြီး သူ့အကြည့်တွေထဲ အချစ်တွေဖြင့် ပြည့်နှက်နေလျှက် " ငါမင်းကိုချစ်တယ် "

ကျိုးတုကပြုံးလိုက်ပြီး သူ့ခေါင်းလေးကိုငုံ့၍ ရှယောင်ကိုအနမ်းတစ်ပွင့်ပေးလိုက်သည်။ ထို့နောက်မေးလိုက်၏ " ဘယ်လောက်ချစ်တာလဲ "

ရှယောင်မျက်နှာလေးက အနီရောင်သို့ပြောင်းသွား၏။ သူက ကျိုးတုသူ့ကိုနမ်းနေခွင့်ပေးထားလိုက်ပြီးမှ အသံတိုးတိုးလေးဖြင့် ကျိုးတုကိုအဖြေပြန်ပေးလိုက်သည် " အရမ်းချစ်တယ် အရမ်း အရမ်းပဲ "

" ငါရောပဲ " ကျိုးတုက သူ့လျှာ​လေးကိုရှယောင်ပါးစပ်ထဲ ထိုးသွင်းလိုက်ရင်း ထိုစကားကိုပြောလိုက်သည်။

ရှအမေက ရှယောင်ရဲ့အခန်းတံခါးအပြင်ဘက်မှာ ဖြူရော်နေသောမျက်နှာနှင့် မတ်တပ်ရပ်နေခဲ့သည်။
သူမလက်ထဲကပလက်စတစ်အိတ်များကြောင့် သူမ၏လက်ချောင်းများက အနီရောင်သို့ပင်ပြောင်းလို့နေခဲ့သည်။

သူမကအပြင်မှာရပ်နေခြင်းဖြစ်သော်လည်း ထိုသူတို့ပြောသွားသည့်စကားများကိုတော့ရှင်းရှင်းလင်းလင်း ကြားနိုင်လေသည်။ အစတုန်းကတော့ ကျိုးတုနဲ့ရှယောင် နှစ်ယောက်လုံးအခန်းထဲမှာရှိနေသည့် အသံကြားလိုက်ရသည့်အချိန် သူမကတံခါးခေါက်ပြီး ကျိုးတုကိုဒီညအိမ်မှာပဲ ညစာစားသွားချင်လားဟုမေးချင်ခဲ့တာဖြစ်သော်လည်း သူမပိုပြီးနီးကပ်လာသည့်အချိန်မှာပဲ ကျိုးတုပြောသည့်စကားကိုကြားလိုက်ရသည် " ငါ့ကိုကြိုက်တယ်ပြော "

ထိုစကားကြားလိုက်တုန်းက ရှအမေကသိပ်ပြီးမတွေးလိုက်မိသေးပေ သို့သော်လည်း သူမသား၏အဖြေစကားကိုကြားလိုက်ရသည့်အချိန်မှာတော့ သူမ မိုးကြိုးပစ်ခံလိုက်ရသလိုပင်ဖြစ်သွားခဲ့သည်။

ဒီနှစ်ယောက်က....

ရှအမေက ထိတ်လန့်စွာဖြင့်နောက်ပြန်ဆုတ်လိုက်မိသည်။ ကျိုးတုကရုတ်တရက် တံခါးနောက်မှာရှယောင်ကိုနမ်းလိုက်၏။ ရှအမေက သူမအခုပဲဝယ်လာခဲ့သည့်အစားအသောက်အိတ်များကို ဆွဲလိုက်ပြီးနောက်ထပ်တစ်ကြိမ် အိမ်ထဲမှထွက်လာခဲ့လိုက်သည်။ တံခါးအပြင်ဘက်မှာ သူမ မတ်တပ်ရပ်နေပြီး သူမစိတ်ထဲဗလာဖြစ်လို့နေခဲ့သည်။

© ကျွန်တော့်မိန်းမကကျွန်တော်သူ့ကိုမချစ်ဘူးလို့ပဲထင်နေတယ် [ဘာသာပြန်]Όπου ζουν οι ιστορίες. Ανακάλυψε τώρα