Chapter 42.3

8.8K 1.7K 20
                                    

[Unicode]

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကအချိန်နှင့်အမျှ နီးကပ်လာခဲ့သည်။ လူတိုင်းသတိမထားမိခင်အချိန်လေးမှာပဲ ကျောက်သင်ပုန်းပေါ်မှာရေတွက်ထားသည့်ဂဏန်းတွေက ဂဏန်းသုံးလုံးမှ ဂဏန်းနှစ်လုံးအထိကိုပြောင်းလဲလာပြီးနောက် အခုဆိုလျင် ဂဏန်းတစ်လုံးတည်းသာကျန်ရှိနေတော့သည်။

ဝင်ခွင့်စာမေးပွဲနီးကပ်လာသည်နှင့်အမျှ သမ္မတကတော်ကြီး သူတို့အပေါ်ပေးသည့် ဖိအားတို့မှာလည်း လျော့နည်းလာခဲ့လေသည်။

ရှယောင်ရဲ့စိတ်ကတော့ မည်သို့ပင်ဖြစ်စေကာမူ ဖိအားကြီးကတော့ရှိနေဆဲပင်ဖြစ်သည်။ တတိယအကြိမ် အစမ်းစာမေးပွဲမှာရရှိသည့်ရလဒ်က သူမျှော်လင့်ထားတာတွေနှင့်ကိုက်ညီမှုမရှိတာကြောင့် သူ့စိတ်တွေကိုလည်းအေးအေးမထားနိုင်တော့ပေ။ အတန်းပြီးသည့်နောက် ဖက်တီးကထိုနေရာ၌မရှိတာကြောင့် ကျိုးတုကအခွင့်ကောင်းကိုယူပြီး ရှယောင်ဘေးနားထိုင်၍စကားပြောနေခဲ့သည်။

" ဘာတွေဒီလောက်ဝမ်းနည်းနေတာလဲ "

ရှယောင်ကသူ့ကိုကြည့်ပြီး သက်ပြင်းလေးချလိုက်သည် " အစမ်းစာမေးပွဲရဲ့ရလဒ်တွေကြောင့်ပေါ့ ငါတော့ W တက္ကသိုလ်ရဲ့ဝင်ခွင့်စာမေးပွဲကိုအောင်နိုင်မယ် မထင်တော့ဘူး "

ရှယောင်အံ့သြသွားစေရန် ကျိုးတုကသူ့ကိုနှစ်သိမ့်ပေးလိုက်သည် " ဝင်ခွင့်စာမေးပွဲမအောင်လည်း အဆင်ပြေပါတယ် " သူကတိုးတိုးလေးပြောလိုက်သည် " ငါတို့တွေတက္ကသိုလ်တစ်ခုတည်းအတူတူမတက်ရဘူးဆိုရင်တောင်ကိစ္စမရှိပါဘူး ငါကမင်းဆီကိုအပတ်တိုင်းလာလည်မှာလေ ငါမင်းကိုမတွေ့ရရင် မနေနိုင်ဘူး "

ရှယောင်လေးလှုပ်ရှားသွားခဲ့ရသည် သူကကျိုးတုကိုကြည့်လိုက်၏ ပြီးနောက်ပြန်ဖြေလိုက်သည် " တကယ်တော့ W တက္ကသိုလ်ဝင်ခွင့်ရဖို့ဆိုတာ​က ငါအမြဲအိပ်မက်မက်ခဲ့ရတာ ကောလိပ်ဝင်ခွင့်ကစတောင်မစသေးဘူးလေ ဘာတွေဖြစ်လာမလဲ ငါတို့မသိရသေးပါဘူး "

ကျိုးတုက ဒီအချိန်လေးမှာ ရှယောင်မျက်နှာလေးကို တကယ်ကိုထိတွေ့ချင်မိသော်လည်း ဒီကျောင်းခန်းထဲလူတွေရှိနေသေးတာကြောင့် သူလည်းဘာမှလုပ်လို့မရနိုင်တာနဲ့ပဲ သူ့လက်ကိုသူ့အိတ်ကပ်ထဲထည့်၍ မတ်တပ်ထရပ်ပြီးပြောလိုက်သည် " မင်းလုပ်နိုင်ပါတယ် "

© ကျွန်တော့်မိန်းမကကျွန်တော်သူ့ကိုမချစ်ဘူးလို့ပဲထင်နေတယ် [ဘာသာပြန်]Where stories live. Discover now