Chapter 64

8.1K 1.5K 64
                                    

[Unicode]

ရုံးခန်းအတွင်း ကျိုးတုမျက်လုံးများက ကွန်ပျူတာကိုကြည့်နေပြီး ထိုင်ခုံတွင်ထိုင်နေသည်။ သို့သော် သူ့အတွေးများကတော့ ဒီအပတ်ပိတ်ရက် ရှယောင်နှင့်တွေ့ရမည့် ကိစ္စကိုသာ စဥ်းစားနေခဲ့ပါ၏။

သူနည်းနည်းလေးနောင်တရသလိုတော့ ခံစားရသည်။ ဘာလို့များ သူက ရှယောင်ကိုပိတ်ရက်ကျမှတွေ့ဖို့ ပြောလိုက်မိရတာလဲ။ ဒီရက်အနည်းငယ်အတွင်း အလုပ်အပေါ်အာရုံမစိုက်နိုင်ဖြစ်နေခဲ့ရချေသည်။

သောကြာနေ့ညသို့ရောက်သောအခါ ကျိုးတုစပြီး စိတ်လှုပ်ရှားလာသည်။ သူက ရှယောင်နေဖို့အတွက် သူ့အိမ်ကိုသန့်ရှင်းနေလုပ်လိုက်၏။

သို့သော်လည်း ရှယောင်ကိုတောင် သန့်ရှင်းရေးလုပ်ထားသည့်အိမ်လေးမပြရသေးခင် ဝမ်ဟောင် ကအရင်ရောက်လာခဲ့သည်။

သူ့အိမ်အပြင်ဘက်တွင် ခရီးဆောင်အိတ်ကြီးနှင့်အတူ မတ်တပ်ရပ်နေခဲ့သည့် ဝမ်ဟောင်အားမြင်လိုက်ရသည့်အချိန် တံခါးကိုပြန်ပိတ်လို့ ဘာမှမမြင်လိုက်ရလိုက်သလိုမျိုး ဟန်ဆောင်လိုက်ချင်ခဲ့သည်။

သူ့အရှေ့ကလူက အချဥ်ပေါက်နေသောမျက်နှာမျိုးဖြင့် ကျိုးတုအားသနားစရာကောင်းစွာ ကြည့်နေပါ၏။ ထို့ကြောင့်ပဲ ကျိုးတုက သူ့ရဲ့မျက်ခုံးကိုပင့်လို့ ဘေးတစ်ဘက်ကိုရပ်ပြီး သူ့အားဝင်ခွင့်ပြုလိုက်ရသည်။

အထဲဝင်လာပြီးသိပ်မကြာခင်ပဲ ဝမ်ဟောင်ကသူ့ရဲ့ ခရီးဆောင်အိတ်ကြီးအား ဧည့်ခန်းတွင်းသို့ပစ်ထားလိုက်ပြီး လူကအသေကောင်ကြီးလိုမျိုး ဆိုဖာပေါ်သို့ ပစ်လဲလိုက်သည်။

ကျိုးတုက ခရီးဆောင်အိတ်ကားကောက်ယူ၍ ဘေးတစ်ဖက်သို့ ထားထားလိုက်သည်။ ထို့နောက် သူက ဝမ်ဟောင်ဘေးသို့ရောက်လာပြီး ထိုသူ့အားကန်လိုက်၍ မေးလာ၏။ " ဒီတစ်ခါကရော ဘာဖြစ်တာလဲ။ တစ်ခုခုလုပ်ခဲ့ပြီး အိမ်ကထွက်ပြေးလာတာလား "

ဝမ်ဟောင်က လက်ထဲခေါင်းအုံးလေးကို ပိုက်ထားပြီး စိတ်ဆိုးစွာဖြင့်ပြောလာသည်။ " ကျန်းယန်က ငါ့ကိုအော်တယ်။ ငါသူနဲ့အတူမနေချင်တော့ဘူး "

© ကျွန်တော့်မိန်းမကကျွန်တော်သူ့ကိုမချစ်ဘူးလို့ပဲထင်နေတယ် [ဘာသာပြန်]Where stories live. Discover now