Chapter 31

12.3K 2.3K 83
                                    

[Unicode]

ကျိုးတုကအားကစားရုံထဲဝင်ဖို့အဆင်သင့်ဖြစ်နေသည့်အချိန်မှာပဲ ကာယဆရာကပေါ်လာခဲ့သည်။

" အားလုံးစုဝေးမယ် ဆရာတို့ကွင်းထဲဝင်ရတော့မယ် " ဆရာကဝီစီကိုမှုတ်ရင်း ကျောင်းသားတွေရှေ့မှာလက်ခုပ်အနည်းငယ်တီး၍ဆော်သြလိုက်သည်။ " မင်းတို့ရဲ့ဖုန်းတွေနဲ့ကိုင်ပိုင်ပစ္စည်းတွေအားလုံးဆရာ့ကိုပေးထားရမယ် ပြိုင်ပွဲပြီးမှပြန်လာယူရမယ် "

ကျိုးတုကသူ့ဖုန်းလေးကိုတွန့်ဆုတ် တွန့်ဆုတ်ဖြင့်ပေးလိုက်သည်။

အဖွဲ့လိုက်အားကစားရုံထဲဝင်ပြီးနောက်မှ ကျိုးတုကအခြားအဖွဲ့ဝင်များနှင့်အတူထွက်လာခဲ့သည်။

ပွဲစဥ်တွေကိုမဲခွဲဆုံးဖြတ်ထားသည်။ ကျိုးတုကအားကစားကွင်းတစ်ခုလုံးကို ဝေ့ကြည့်လိုက်သော်လည်း ရှယောင်ကိုတွေ့ရမည့်အစား သူနှင့်မနီးမဝေးမှာရှိသည့် ဖန်ဇီယုကိုသာမြင်လိုက်ရသည်။

ဖန်ဇီယုကပြိုင်ပွဲအတွက်အားကစားဝတ်စုံကိုဝတ်ထားပြီး သူ့သူငယ်ချင်းတွေနှင့်စနောက်ကြည်စယ်နေသည်။

ကျိုးတုကသူ့ကိုခက်ထန်သောအကြည့်ဖြင့်ကြည့်လိုက်သည်။

ဖန်ဇီယုကအစကတော့ ကျိုးတုကိုကျောပေးပြီးရပ်နေခဲ့တာဖြစ်သည်။ သို့သော်သူ့နောက်ကျောကတစ်ခုခုကိုအာရုံခံလိုက်မိတာကြောင့် နောက်လှည့်ကြည့်လိုက်ချိန် ကျိုးတုကိုမြင်လိုက်ရသည်။

သူတို့ရဲ့အကြည့်များဒုတိယအကြိမ်ထပ်ဆုံချိန်မှာတော့ မီးပွားများတောင်အနည်းငယ်တောက်သွားသလိုပင်။

ဖန်ဇီယုကကျိုးတုကိုအထင်အမြင်သေးသောအကြည့်များပေးလိုက်ပြီးနောက် သူ့ခေါင်းကို သူ့သူ့ငယ်ချင်းတွေဘက်သို့ပြန်လှည့်သွားသည်။

ကျိုးတုကလည်းမေးရိုးကိုတင်း၍ နှုတ်ခမ်းကိုတင်းတင်းစေ့လိုက်ပြီး အဝေးသို့ပဲကြည့်လိုက်သည်။

အားကစားကွင်းထဲကလေထုကတော့အလျင်အမြန်ပဲ တင်းမာလာခဲ့သည်။ ရှယောင်ကပွဲကြည့်စင်နားလေးမှာမတ်တပ်ရပ်နေပြီး သူ့ခေါင်းကိုဆန့်၍တာဝေးအပြေးသမားများကိုကြည့်နေသည်။ ကံဆိုးချင်တော့ သူရပ်နေသည့်နေရာကအရမ်းဝေးနေတာကြောင့် အားကစားသမားများဝတ်ထားသည့် အင်္ကျီအရောင်များကိုသာသူမြင်ရလေသည်။

© ကျွန်တော့်မိန်းမကကျွန်တော်သူ့ကိုမချစ်ဘူးလို့ပဲထင်နေတယ် [ဘာသာပြန်]Where stories live. Discover now