Chapter 18

16.1K 2.7K 31
                                    

[Unicode]

ကျိုးတုဆုံးဖြတ်ချက်တစ်ခုချလိုက်သည်


အခန်းထဲကိုပြန်ဝင်သွားပြီးနောက် ကျိုးတုက ရှယောင်ခုံနားကဖြတ်သွားသည့်အချိန် ရှယောင်ဘက်သို့အကြည့်တစ်ချက်လှမ်း၍ပို့လိုက်သေးသည်။

ကျောင်းဆင်းတော့ ဝမ်ဟောင်ကကျိုးတုဆီသို့တန်းလာပြီး ပြောလိုက်တယ် " ငါ့အမေကငါ့ကိုအသေအချာမှာလိုက်တယ် ကျောင်းဆင်းရင်မင်းကိုအိမ်ရောက်အောင်ပြန်ပို့ပေးလိုက်တဲ့ ဒါပေမယ့် ကျန်းရှီဝမ်အခုပဲပြောသွားတာ ကျောင်းဆင်းရင်မင်းကိုလာရှာမယ်ဆို အဲ့တော့ငါဘာလုပ်ရမလဲ "

ကျိုးတုရဲ့အာရုံတွေအားလုံးကသူ့ရှေ့က ရှယောင်တစ်ယောက်ထဲဆီသာအလုံးစုံကျရောက်နေခဲ့သည် သူ့ရှေ့တွင် ရှယောင်နှင့်အန်းဖန်ဖန် နှစ်ယောက်အတူတူရပ်ပြီး တစ်ချိန်ထဲနှစ်ယောက်အတူတူထွက်သွားသည်ကိုသူမြင်နေရသည်။

" ဒီနေ့မင်းလေ့ကျင်းရေးဆင်းဖို့မရှိဘူးလား " ကျိုးတုကခေါင်းမော့လိုက်ပြီး သူ့ဘေးတွင်မတ်တပ်ရပ်နေတဲ့ ဝမ်ဟောင်ကိုမေးလိုက်သည်။

" ရှိတယ် ဒါပေမယ့်မင်းကိုအိမ်အရင်ပြန်ပို့ပြီးမှ ကျောင်းကိုပြန်လာဖို့စီစဥ်ထားတာ ဒါရိုက်ဘာကိုခေါ်ပြီးကျောင်းလာခေါ်ခိုင်းတာကိုမင်းအဖေကမကြိုက်ဘူးမလား ငါပဲအလုပ်နည်းနည်းပိုလုပ်ပေးရမှာပေါ့ "

" မလိုဘူး ငါလည်းမင်းနဲ့လေ့ကျင့်ရေးကွင်းထဲလိုက်ခဲ့မယ် " ကျိုးတုကပြန်လှည့်ပြီးပြောလိုက်သည်။

" မရဘူး မင်းကဒီလိုပုံစံနဲ့တောင်အခုထိလေ့ကျင့်ချင်နေတုန်းပဲလား " ဝမ်ဟောင်အံ့သြတကြီးမေးလိုက်သည်။

ကျိုးတုကသူ့ကိုငတုံးဟူသောအကြည့်တစ်ချက်ပေးလိုက်ပြီး " ငါကမင်းလေ့ကျင့်ပြီးတဲ့အချိန်ထိစောင့်မှာလေ ပြီးမှအိမ်အတူပြန်မယ် "

ဝမ်ဟောင်ကရယ်လိုက်သည် " မင်းက ငါ့ကိုစောင့်ချင်တယ်သာပြောတာ အမှန်တော့ ကျန်းရှီဝမ်ကိုစောင့်ချင်တာမလား "

ကျိုးတုမျက်နှာကပိုမှောင်မဲလာခဲ့ပြီး သတိပေးသံနှင့်ဝမ်ဟောင်ကိုပြောလိုက်သည် " ကျန်းရှီဝမ်ကိုငါစိတ်မဝင်စားဘူး နောက်တစ်ကြိမ် မဟုတ်တာတွေထပ်ပြောရဲပြောကြည့် မင်းကိုငါမထိုးဘူးလို့မထင်နဲ့ "

© ကျွန်တော့်မိန်းမကကျွန်တော်သူ့ကိုမချစ်ဘူးလို့ပဲထင်နေတယ် [ဘာသာပြန်]Where stories live. Discover now