Chapter 3

22.9K 3.6K 141
                                    

(Unicode)

မင်းကိုဘယ်သူထိုးတာလဲ

ဖက်တီးကကျောင်း​ဘေးတွင် ဖွင့်ထားသည့်ဆိုင်ကိုရွေးလိုက်သည်။ ရှယောင်ထိုနေရာကိုဘယ်သောအခါမှမသွားဖူးပေ။ သူမသွားရသည့်အကြောင်းအရင်း ပထမတစ်ချက်က သူ့မှာပိုက်ဆံမရှိ၍ဖြစ်သည်။ ဒုတိယတစ်ချက်ကတော့ သူနဲ့အတူ Bubble Tea လိုက်သောက်ပေးမည့်သူမရှိသောကြောင့်ပင်။

ဆိုင်ထဲရောက်တော့ ရှယောင်ကသူနဲ့ရင်းနှီးနေသည့် လူတစ်ယောက်ကိုသတိထားလိုက်မိသည်။

သူကအရမ်းလှသည့်​ကောင်မလေးတစ်ယောက်ဖြစ်သည်။ သူမကပြုံးပြီးရှယောင်နှင့်ဖက်တီးတို့အထဲဝင်လာချိန်တွင်ပြောလိုက်သည်။ " ကြိုဆိုပါတယ် ဘာမှာချင်ပါလဲရှင့် "

ဖက်တီးမျက်နှာကချက်ချင်းကြီးနီရဲလာခဲ့သည်။ ရှယောင်ကသူ့ထက်ပိုပြီးရှင်သန်လာခဲ့သူပီပီ တစ်ချက်ကြည့်လိုက်ရုံဖြင့်သူဘာတွေးနေလဲ သိနိုင်သည်။ သူကသူ့လွယ်အိတ်ကိုတံခါးဘေးနားကခုံပေါ် တင်လိုက်ပြီး ဖက်တီးကိုပြောလိုက်သည် " ငါကဘာဖြစ်ဖြစ်ရတယ် မင်းသွားမှာလိုက်လေ ငါစောင့်နေမယ် "

ရှယောင်က ဖက်တီးရဲ့ဘလင်းဘလင်းထနေသည့်မျက်လုံးကိုတစ်လှည့် ကောင်မလေးကိုတစ်လှည့်ကြည့်လိုက်သည်။

သူမကကျောင်းရဲ့အလှလေးဖြစ်သည်။ ဒါပေမယ့်ဒါက ရှယောင်သူ့ကိုသိနေရသည့်တကယ့်အကြောင်းအရင်းမဟုတ်သေးပေ။ ရှယောင်သူ့ကိုသိနေရသည့်တစ်ခုတည်းသောအကြောင်းရင်းက သူမကကျိုးတုရဲ့ကောင်မလေးဟုသတင်းတွေထွက်နေသောကြောင့်ဖြစ်သည်။

ရှယောင် ကျိုးတုနဲ့တွဲခဲ့ပြီးတဲ့နောက်ပိုင်းလည်းဘယ်သောအခါမှကျိုးတုကိုထိုအကြောင်းမမေးခဲ့ပေ။ ကျိုးတုကသူနဲ့ချစ်လို့တွဲခဲ့ခြင်းမဟုတ်သောကြောင့် သူ့ဘက်ကလည်းထိုအကြောင်းနဲ့ပက်သက်ပြီးမမေးရဲခဲ့တာဖြစ်သည်။

ရှယောင်အတွေးလွန်နေတုန်း တစ်ယောက်ယောက်ကတံခါးဖွင့်၍ဆိုင်ထဲဝင်လာခဲ့သည်။ ဘယ်သူဆိုတာမြင်ပြီးတဲ့နောက် ရှယောင်သူ့ခေါင်းလေးကိုအတတ်နိုင်ဆုံးငုံ့ထားလိုက်တော့သည်။

© ကျွန်တော့်မိန်းမကကျွန်တော်သူ့ကိုမချစ်ဘူးလို့ပဲထင်နေတယ် [ဘာသာပြန်]Where stories live. Discover now