Chapter 40.1

11.3K 2.1K 29
                                    

(Unicode)

နောက်တစ်နေ့တွင်တော့ ဝမ်ဟောင်ကလွဲပြီး ကျန်သုံးယောက်လုံး အအေးမိကြတော့သည်။ ဝမ်ဟောင်က ကျိုးတု၏ကံမကောင်းမှုကို ဟာသလုပ်၏။ အဆုံးသတ်တွင်တော့ သူသည်သာ ကျိုးတု၏လှောင်ပြောင်သောစကားကို လက်ခံလိုက်ရတော့သည် " သူများတွေပြောကြတဲ့ 'အရူးတွေကအအေးမမိနိုင်ဘူး' ဆိုတာကတကယ်မှန်တာပဲ " ဝမ်ဟောင်၏မျက်နှာတွင် အမျက်ဒေါသတို့ကတစ်ချိန်ထဲ ထွက်ပေါ်လာခဲ့လေသည်။

ကျိုးတုအတွက်တော့ အအေးမိထားတာကြောင့် နှစ်ယောက်လုံးရဲ့နှာခေါင်းတွေကပိတ်နေခဲ့ပြီး ရှယောင်ကိုနမ်းလို့အဆင်မပြေဖြစ်နေခဲ့သည်။ ထိုအချိန်လေးမှာ ကျိုးတုနဲ့ရှယောင်နှစ်ယောက်လုံးက သန့်စင်ခန်း၏နောက်ဆုံးအခန်းလေးထဲတွင်ရှိနေခဲ့ကြခြင်းဖြစ်သည်။ ရှယောင်က သူ့လက်ဖြင့် ကျိုးတုရဲ့ရင်ဘက်ကိုတွန်းထားပြီး သူ့ရဲ့မျက်လုံးထောင့်နားလေးကလည်း နီနေခဲ့သည် " ငါတို့အတန်းထဲပြန်သွားရအုံးမယ်လေ "

ဒါကကျိုးတုအနေနှင့် ရှယောင်ကိုကျောင်းတွင်နမ်းသည့်ပထမဆုံးအကြိမ်လည်း ဖြစ်သည် ဒါ့ကြောင့်ပဲ သူအရမ်းကို ရင်ဖိုထိတ်လန့်နေခဲ့၏။ သူက သူ့ရဲ့မျက်လုံးကို ရှ​ယောင်ရဲ့အနမ်းခံထားရခြင်းကြောင့် နီရဲနေသည့် နှုတ်ခမ်းတွေပေါ်မှာပဲ အသေကပ်ထားပြီး မကျေမနပ်ဖြင့် တီးတိုးပြောလိုက်သည် " ငါတို့စက္ကန့်သုံးဆယ်လောက်ပဲနမ်းရသေးတယ် " ရှယောင်ကနှာသံလေးဖြင့် ပြန်ပြီးချေပလိုက်၏ " အဲ့တာက ငါတို့နှစ်ယောက်လုံးအအေးမိနေ​တာကြောင့်လေ " ထိုစကားကိုကြားလိုက်သည့်ခဏ ကျိုးတုကသူ့ရဲ့ခေါင်းကိုငုံ့လာပြီး ရှယောင်ရဲ့နှုတ်ခမ်းလေးကို ဖွဖွလေးကိုက်လိုက်၍ မကျေမနပ်ညည်းညူလိုက်သည် " အအေးမိတာကိုမုန်းတယ် " ရှယောင်သည်တော့ မတတ်နိုင်စွာပဲ ရယ်မောလိုက်မိတော့သည်။

နေ့ရက်တွေက ပိုပြီးအေးသတတ် အေးလာခဲ့သည် ပထမဆုံးနှင်းကလည်း နောက်ဆုံးစာမေးပွဲဖြေသည့်အချိန်နှင့်တိုက်၍ကျဆင်းလာခဲ့၏။ ရှယောင်က နှင်းကျလိမ့်မည်ဟုမထင်ထားခဲ့မိတာကြောင့် စာမေးပွဲဖြေပြီး အိမ်သို့ပြန်ရတော့မည့်အချိန်မှပဲ သူထီးမပါလာခဲ့ကြောင်းသတိရလိုက်မိတော့သည်။ အပြင်းဘက်ကနှင်းကအရမ်းကြီးကျနေတာတော့လည်းမဟုတ်ပေ။ ရှယောင်ကလှည့်ပြီး အတန်းထဲမှာရှိသည့်ကျိုးတုကိုကြည့်လိုက်မိတော့ ကျိုးတုကသူ့ဘေးနားရောက်လို့နေခဲ့ပြီးဖြစ်သည်ကိုတွေ့ရှိလိုက်ရတော့သည် " ငါထီးယူလာတယ် မင်းကိုအိမ်ပြန်လိုက်ပို့ပေးမယ်လေ " ကျိုးတုကသူ့ရဲ့ဖြူဖွေးနေသောသွားလေးများကို ဖော်ပြပြီး ရှယောင်ကိုပြုံးပြသည်။

© ကျွန်တော့်မိန်းမကကျွန်တော်သူ့ကိုမချစ်ဘူးလို့ပဲထင်နေတယ် [ဘာသာပြန်]Where stories live. Discover now