Chapter 52

6.6K 1.3K 23
                                    

[Unicode]

ရှယောင်ကအိမ်ကနေသူ့အမေ၏ဆေးဖိုးဝါးခအား ယူပြီးပြန်လာချိန်တွင် ကျို့ဝမ်ဟွာကအကုန်ပေးချေထားပြီးဖြစ်ကြောင်းသိလိုက်ရသည်။

" မင်းရဲ့ဒီအခြေအနေလေးနဲ့ မင်းအမေရဲ့ဆေးဖိုးဝါးခတွေအကုန်လုံးပေးနိုင်မယ်လို့ ငါမထင်ခဲ့ဘူး " ကျို့ဝမ်ဟွာက ဗြောင်ပဲပြောလာသည် " မင်းရဲ့ဟိုလေ..အမ်..သူ့ကိုဘယ်လိုခေါ်ရမှာပါလိမ့် ကောင်လေးလို့ပဲပြောရမလား သူ့ဆီအပြေးသွားပြီး အမေ့ရဲ့ဆေးဖိုးဝါးခလေး မင်းအစားပေးပေးနိုင်မလားလို့သွားမေးလာတာလား မင်းအမေသာ သူ့သားလေးက တခြားယောကျ်ားတစ်ယောက်ကို သူ့ကိုကယ်ဖို့လိုတဲ့ပိုက်ဆံအတွက်နဲ့သွားတောင်းပန်လာတာသိရင်လေ အတော်ခံစားရမှာပဲ " ကျို့ဝမ်ဟွာပြောသည့် နောက်ဆုံးစာကြောင်းက လှောင်ပြောင်သရော်နေမှုများအပြည့်အလျှံဖြင့်ကိုဖြစ်လေ၏။

ရှယောင်က သူ့ဘဝကဒီအပေါ်မှာမူတည်နေသလိုမျိုး လက်သီးကိုတင်းတင်းကြပ်ကြပ်ဆုပ်လိုက်သည်။

" ခဗျားက ဘာလုပ်ဖို့ကြိုးစားနေတာလဲ " ရှယောင်က သူ့ဒေါသတွေကို ပြန်မြိုချလိုက်ရင်း တိုးလျသောအသံလေးဖြင့်ပြောလိုက်သည်။

ကျို့ဝမ်ဟွာကရှယောင်ဘေးနားလာရပ်ပြီး သက်ပြင်းချလိုက်၍ " ဘာမှလုပ်ဖို့ကြိုးစားနေတာမဟုတ်ပါဘူး မင်းအမေနဲ့ငါဆိုတာကလည်း တစ်ခါမှလက်ထပ်ခဲ့ဖူးတာမဟုတ်ဘူး ဒီတိုင်းငါတို့ကြားမှာခံစားချက်လေးကျန်နေရုံပါပဲ အခုသူဒုက္ခရောက်နေတယ် ငါ့အနေနဲ့ဘာမှမလုပ်ပဲ ထိုင်ကြည့်နေလို့မဖြစ်နိုင်ဘူးလေ "

အေးစက်ပြီးဖျော့တော့တဲ့ဆေးရုံရဲ့မီးရောင်က ရှယောင်ပခုံးပေါ်ကိုဖြာကျနေသည်။ သူက သူ့ဘေးနားက ကျို့ဝမ်ဟွာ၏အရိပ်ကိုကြည့်လိုက်သည့်အချိန် သဲသောင်ပြင်ပေါ် လှိုင်းများရိုက်ခတ်လိုက်သလိုမျိုး သူ့ဒေါသတွေကလည်း တဟုန်ထိုးတိုးထွက်လာခဲ့သည်။ ဒါပေမဲ့ သူမပြောနိုင်ခဲ့ပေ အဲ့ဒီလူကို ထွက်သွားဖို့ မပြောနိုင်ခဲ့ပေ။ ကျို့ဝမ်ဟွာ ပြောခဲ့သလိုပဲ သူတကယ်ကို ကျိုးတုမိဘတွေဆီကို သွားပြီး ဒီကိစ္စကို ကူညီပေးဖို့ ပြောနိုင်သည်။ ဒါပေမယ့် သူအမေသာ သူနဲ့ကျိုးတုကြားကဆက်ဆံရေးကိုသိသွားခဲ့ရင် ကျိုးမိသားစုရဲ့အကူအညီကို သူငြင်းလိုက်နိုင်မလား။

© ကျွန်တော့်မိန်းမကကျွန်တော်သူ့ကိုမချစ်ဘူးလို့ပဲထင်နေတယ် [ဘာသာပြန်]Where stories live. Discover now