Chapter 60

8.6K 1.5K 158
                                    

[Unicode]

ကျိုးတုက ရှယောင်ကိုခဏလောက်စိုက်ကြည့်နေပြီးမှ သူ့ရှေ့ကဆိုဖာပေါ်ဝင်ထိုင်လိုက်သည်။

ရှယောင်က စာရွက်စာတမ်းတွေကို ကော်ဖီစားပွဲပေါ်တင်ထားသော်လည်း ကျိုးတုကထိုအရာတွေအားယူဖို့လှုပ်တောင် မလှုပ်လာခဲ့ပေ။

ထိုအချိန်မှာပဲ ကျိုးထုံက တံခါးခေါက်၍ ကော်ဖီခွက်နှစ်ခွက်ကိုင်ပြီး အထဲသို့ဝင်လာခဲ့သည်။ သူမက ကော်ဖီခွက်တွေကို ကုန်း၍စားပွဲပေါ်ချလိုက်ချိန် ကျိုးတု၏မျက်ခုံးများကတွန့်ချိုးလာခဲ့၏၊ " မင်း ရေမွှေးဆွတ်လာတာလား "

ကျိုးထုံကသူမ၏ လည်ချောင်းကိုရှင်းလိုက်ပြီး ရှင်းပြရန်အတွက် သူမကိုယ်သူမ ပြင်ဆင်လိုက်သည်၊ " ဘော့(စ်) ကျွန်မဆွတ်ခဲ့ပါတယ်၊ ဒါပေမယ့် ဒီနေ့အတွက်ပါပဲ ဘာလို့လဲဆိုတော့ ဒီည ကျွန်မစီစဥ်ထားတဲ့ ဒိတ်တစ်ခုရှိလို့ပါ "

ရှယောင်ရဲ့ခေါင်းက ရုတ်တရက်မော့လာပြီး သူ့ရှေ့ကလူနှစ်ယောက်လုံးကို ကြည့်လိုက်မိသည်။

ကျိုးတုကခေါင်းညိတ်ပြီး ပြောလိုက်၏၊ " ဒါဆိုလည်း မင်းအဆင်ပြေပါစေလို့ငါဆုတောင်းပေးပါတယ်၊ ဒီလိုလုပ် မင်းဒီနေ့အလုပ်စောစောဆင်းသွားလို့ရတယ် "

ကျိုးထုံရဲ့နှလုံးသားလေးက ပျော်ရွှင်မှုကြောင့် ရင်ခုန်သွားရပေမယ့်လည်း သူမရဲ့မျက်နှာကတော့ ပရော်ဖက်ရှင်နယ်ဆန်ဆန် ပြုံးနေပြီး ကျေးဇူးတင်စကားပြောလိုက်သည်။ သူမအဝေးသို့ လျှောက်ထွက်သွားသည့်အချိန်တွင် သူမ၏ပုံသဏ္ဍာန်လေးက ပျော်ရွှင်မှုများဖြင့် ပြည့်နေသည့်ပုံပေါက်နေခဲ့ပါ၏။

" သူက ငါ့ရဲ့အတွင်းရေးမှူး " ကျိုးတုက ရုတ်တရက်ပြောလိုက်ပြီး ရှယောင်၏ ထင်မြင်မှုများကိုချိုးဖြတ်၍ တိတ်တိတ်လေးခေါင်းညိတ်လာအောင် ပြုလုပ်လိုက်သည်။

ကျိုးတုကသူ့ရဲ့အကြည့်တွေကို ရှယောင်ရဲ့မျက်နှာပေါ်ကနေမှ စာရွက်စာတမ်းတွေရှိရာဆီသို့ လွှဲလိုက်ပြီး စာရွက်စာတမ်းများအား ကောက်ယူလိုက်၍ ဖြည်းဖြည်းချင်းကြည့်လိုက်သည်။ ကျိုးတုက ခြေချိတ်ထိုင်နေတာဖြစ်ပြီး သူ့ပုံစံကသက်တော့သက်သာ ရှိနေသည့်ပုံ ပေါ်နေသော်ငြားလည်း သူ့စိတ်အခြေအနေကတော့ စိုးထိတ်နေပြီး သူ့ရှေ့ကယောင်္ကျား ထွက်သွားမှာကိုလည်း သူ့နှလုံးသားထဲမှကြောက်ရွံ့နေခဲ့သည်။

© ကျွန်တော့်မိန်းမကကျွန်တော်သူ့ကိုမချစ်ဘူးလို့ပဲထင်နေတယ် [ဘာသာပြန်]Donde viven las historias. Descúbrelo ahora