Chapter 42.1

8.9K 1.9K 21
                                    

[Unicode]

နှင်းများတိတ်တဆိတ်ကျဆင်းနေရင်းနဲ့ပဲ နှစ်သစ်ကရောက်ရှိလာခဲ့ပြီး စိုထိုင်းသောလေထုကိုဖန်တီးနေ၏။

ရှယောင်လူမှန်းသိတတ်စအရွယ်ထဲက နှစ်သစ်ကူးတိုင်း သူ့အမေတစ်ယောက်ထဲနှင့်သာအတူဖြတ်သန်းခဲ့ရသည်။ ဆွေမျိုး သူငယ်ချင်းများဆီသို့လည်း သွားလည်ရန်မလိုအပ်ခဲ့ပေ နှစ်ကူးမိသားစုညစာစားပွဲပြီးနောက်မှာတော့ သူကသူ့အမေနှင့်အတူ နှစ်ကူးအစီအစဥ်ကိုသာကြည့်လိုက်ကြသည်။

ရှအမေကတော့ အစောကြီးအိပ်ရာဝင်ချင်နေသည် နှစ်သစ်ကိုကြိုဆိုမည့်အချိန်ထိနေနိုင်လောက်သည့်အကျင့် သူမဆီမှာမရှိခဲ့ပေ။ ကိုးနာရီတောင်မရှိသေးခင် သူမကတော့အဆက်မပြတ်သန်းဝေနေခဲ့ပြီဖြစ်သည်။

" မား သွားအိပ်လိုက်တော့လေ " ရှယောင်ကပြောရင်း သူ့အမေ၏မျက်နှာလေးကိုလည်းကြည့်လိုက်သည်။

ရှအမေကမတ်တပ်ရပ်လိုက်ပြီး သူမကရှယောင်ပုခုံးလေးကိုပုတ်၍ ပြောလိုက်သည် " အရမ်းနောက်ကျအောင်မနေနဲ့အုံး သားလည်းစောစောအိပ်သင့်တယ် "

" ဟုတ်ကဲ့ "

ရှအမေ အခန်းထဲသို့ဝင်သွားပြီး သိပ်မကြာခင်မှာပဲ ကျိုးတုကဖုန်းခေါ်လာသည်။ ရှယောင်ကိုဖုန်းမကိုင်ခင် အခန်းထဲဝင်ပြီး တံခါးကိုပိတ်လိုက်သည်။

" 新年快乐 (Happy new year) " ဖုန်း၏အခြားတစ်ဖက်ကနေ ကျိုးတု၏အသံကထွက်လာသည်။

"新年快乐 (Happy new year) " ရှယောင်ကတိုးတိုးလေးပြန်ပြောလိုက်သည်။

" နှစ်သစ်ကူးညစာစားပြီးပြီလား "

" စားပြီးပြီ " ရှယောင်က ကျိုးတုဘက်ကနေဆူညံနေသည့် စကားပြောသံတို့ကိုကြားနေရသည်။

" ခဏစောင့်အုံး " ကျိုးတုကရှယောင်ကိုပြောလိုက်ပြီးနောက် သူကဖုန်းကိုလက်လေးနှင့်ကားပြီး အပေါ်သို့ပြေးတက်သွားလိုက်သည်။ အပေါ်ရောက်ပြီးမှ ကျိုးတုကရှယောင်ကို ခပ်မြန်မြန်ရှင်းပြသည် " ငါ့အဖိုးရော အဖွားရော နှစ်ယောက်လုံး လာပြီးနှစ်ကူးကြတာလေ အဲ့တာကြောင့်ဒီမှာ နည်းနည်းတော့မိသားစုများနေတယ် "

© ကျွန်တော့်မိန်းမကကျွန်တော်သူ့ကိုမချစ်ဘူးလို့ပဲထင်နေတယ် [ဘာသာပြန်]Where stories live. Discover now