Chapter 22

15.4K 2.7K 174
                                    

[Unicode]

ကျိုးတုကရှယောင်နှုတ်ခမ်းလေးကိုကြည့်ပြီးတွေးလိုက်တယ် ' နမ်းချင်လိုက်တာ ' အဲ့တော့ သူနမ်းလိုက်၏

(T/N: First Kiss လေးလာပြီ 🤣)

ကျိုးတုကအားအပြည့်နှင့်ဆွဲလိုက်တာကြောင့် ရှယောင်တစ်ကိုယ်လုံး ကျိုးတုဆီသို့ရောက်လာရသည်။ လေ့ကျင့်ရေးကွင်းထဲမှာ Training ကြောင့်နေခဲ့ရသည့်ကျောင်းသားအများအပြားလည်းရှိနေ၏။ ကျိုးတုအနေနဲ့ဘယ်လောက်တုံးတုံး ဒီလိုနေရာမျိုးမှာရှယောင်ကိုနမ်းလို့မရတာတော့ သူသိပါသေးသည်။

သူကရှယောင်လက်မောင်းကိုဆွဲပြီး ကျောင်းဂိတ်ဝသို့တည့်တည့်လျှောက်သွား၏ ရှယောင်ကသူ့လက်ထဲကတတ်နိုင်သမျှရုန်းရင်း ခပ်မြန်မြန်မေးလိုက်ရသည် " ကျိုးတု မင်းဘာလုပ်ချင်နေတာလဲ "

" မင်းကိုအိမ်ပြန်ပို့နေတာလေ " ကျိုးတုကပြန်လှည့်ကြည့်ခြင်းမရှိပဲပြောလိုက်သည်။

ရှယောင်ကဒီလိုလုပ်ပေးဖို့မလိုပါဘူးဟု ပြန်ပြောလိုက်ချင်သော်လည်း ကျိုးတုနောက်ထပ်တစ်ကြိမ်စိတ်ဆိုးသွားမှာစိုးတာကြောင့် ဘာမှမပြောပဲ ကျိုးတုကိုသာဆွဲခေါ်ခွင့်ပြုထားလိုက်တော့သည်။ ကျိုးတုက ကျောင်းအပြင်ဘက်ရောက်တော့မှ ဆွဲထားသည့်ရှယောင်လက်ကိုလွှတ်ပေးလိုက်သည်။

ကျန်းရှီဝမ်သူ့ကိုသင်ပေးထားသည်များကိုပြန်တွေးကြည့်ပြီး ရှယောင်ဘေးနားမှာလမ်းလျှောက်နေတာသေချာလားအတည်ပြုလိုက်သေးသည်။ ရှယောင်သည်တော့သတိကြီးစွာဖြင့်ကြည့်နေရင်း ဘာလုပ်ရမည်မှန်းမသိတော့ချေ။

" မနေ့ညကဘာတွေလုပ်လဲ " ကျိုးတုကမေးလိုက်သည်။

ရှယောင်ကပြန်မဖြေခင်သူ့အသံကိုထိန်းလိုက်ပြီး " ဘာမှသိပ်မလုပ်ပါဘူး အကြမ်းစာအုပ်အပြည့်အင်္ဂလိပ်မီးနင်းတွေကျက်ပြီးအိပ်တယ် "

ထိုအချိန်မှာပဲ ရှယောင်တို့အိမ်နားကဘာမှမရှိသည့်လမ်းသို့ရောက်ရှိလာခဲ့သည် ကျိုးတုလည်းကျန်းရှီဝမ်သင်ပေးထားသည့်အတိုင်း မေးခွန်းများကိုဆက်မေး၏ " ငါ့ကိုရောလွမ်းလား "

© ကျွန်တော့်မိန်းမကကျွန်တော်သူ့ကိုမချစ်ဘူးလို့ပဲထင်နေတယ် [ဘာသာပြန်]Where stories live. Discover now