Chapter 56

6.8K 1.4K 39
                                    

[Unicode]

ကျိုးထုံ၏လုပ်ဆောင်ချက်တွေက တစ်ခုခုစောင့်ကြည့်ရမည့်အရာဖြစ်ခဲ့သည်။ ကျိုးတု ရုံးခန်းထဲဝင်ဝင်လာချင်းမှာပဲ သူမကချက်ချင်း စာရွက်စာတမ်းတွေကိုပိုက်လျှက်ဖြင့် သူ့ရုံးခန်းတံခါးကိုခေါ​က်လိုက်သည်။ သူမလက်ထဲက အချက်အလက်တွေကို တင်ပြပြီးနောက် သူမ၏ပါးစပ်ကိုဖွင့်လိုက်ပြီး သူမဘော့(စ်)ကိုပြောလိုက်သည် " ကျွန်မ မစ်စတာလီဖန်ရီ ရဲ့ဂျူနီယာကို ဆက်သွယ်ထားပြီးပါပြီ။ ဒီနေ့ နေ့လည်လောက် ဘော့(စ်)အချိန်ရရင် တွေ့ဖို့အတွက်ချိန်းလိုက်ရမလား?

သူလည်းနေ့လည်ခင်းမှာအားလပ်ချိန်ရှိတာကြောင့် ပြန်ဖြေပေးလိုက်သည် " သွားလုပ်လိုက် ပြီးသွားရင် အချိန်နဲ့နေရာကိုပြန်​ပြော "

သူမဘော့(စ်)၏ အမိန့်အားရပြီးသည်နှင့် ကျိုးထုံကခပ်သွက်သွက်ထွက်သွားတော့သည်။

ကျိုးတုက အခြားကုမ္မဏီကသဌေးတစ်ယောက်နဲ့ ချိန်းထားတာရှိသေးတာကြောင့် အချိန်ကိုကြည့်လိုက်ပြီး သွားဖို့အချိန်ရောက်သည်နှင့် အပေါ်ဝတ်အင်္ကျီကိုကောက်ဆွဲပြီး ထွက်သွားလိုက်သည်။

မျှော်လင့်ထားသည့်အတိုင်း သူ့ရဲ့နေ့လည်ဘက်လေးက သောက်စရာစားပွဲတစ်ခုပေါ်မှာပဲအချိန်ကုန်ခဲ့ရသည်။ သူအများကြီးမသောက်ခဲ့သော်လည်း သူ့အစာအိမ်က မသက်မသာဖြစ်လာသည်။ ထို့ကြောင့်ပဲ သူကစားသောက်ပြီးသည်နှင့် အိမ်သို့တန်းပြန်လိုက်ပြီး ရုံးသို့ပြန်မသွားတော့ပေ။

နေ့လည် နှစ်နာရီလောက်တွင် ကျိုးထုံက ကျိုးတုဖုန်းထဲသို့ အချိန်နှင့်နေရာကိုပို့ပေးလာသည်။ မသက်မသာဖြစ်နေသည့်သူ့ဗိုက်လေးကို သက်သာအောင်ဖြစ်ညှစ်နေပြီးနောက် အချိန်ခဏလောက်အိပ်ပျော်သွားခဲ့သည်။ သို့သော် ယေဘုယျအားဖြင့် သူ့မှာကဒီလိုအိပ်လေ့ အိပ်ထမရှိတာကြောင့် သူ့ဖုန်းကအသံမြည်မလာခင်မှာပဲ သူကနိုးလာခဲ့ပြီးဖြစ်သည်။

သူကဖုန်းကိုကိုင်လိုက်ပြီး ကျိုးထုံပို့လိုက်သည့် အချိန်နှင့်နေရာကိုကြည့်လိုက်သည်။ ကျိုးထုံက နေ့တိုင်း မရေတွက်နိုင်တဲ့အရာတွေကို သူ့ဆီ သတင်းပေးဖို့ လိုအပ်နေခဲ့တာကြောင့် အရင်ညက ဂျူ နီယာလေးရဲ့ ကိုယ်ရေးအချက်အလက်တွေကတော့ အနောက်ရွေ့ခံလိုက်ရတော့သည်။

© ကျွန်တော့်မိန်းမကကျွန်တော်သူ့ကိုမချစ်ဘူးလို့ပဲထင်နေတယ် [ဘာသာပြန်]Where stories live. Discover now