Chapter 16

18.5K 2.8K 50
                                    

[Unicode]

ငါကဒဏ်ရာရထားတာလေ ဒါ့ကြောင့်မင်းမကြိုက်ဘူးဆိုရင်တောင် ဒီအတောအတွင်းတော့ခဏလေးသည်းခံပြီး ငါ့ကိုကူညီပေးပါ

အတော်နောက်ကျနေပြီဖြစ်သော်လည်း ဆေးရုံထဲမှာတော့လူတွေကရှင်းမသွားသေးပေ။

ရှယောင်ကဝမ်ဟောင်ထွက်မသွားခင် သူ့ကိုပေးခဲ့သည့် တုံကင်နံပါတ်ပြားကိုကိုင်ထားလျှက်ဖြင့် ဘာအမူအရာမှမရှိပဲ ကျိုးတုကိုဖြတ်ပြီး လမ်းလျှောက်နေကြသည့်လူစုလူဝေးကြီးကိုစိုက်ကြည့်နေခဲ့သည်။ သူ့ဘယ်လက်ကတော့ ကျိုးတု၏လက်များကိုဆုပ်ကိုင်ပေးထားလျှက်ရှိသေးသည်။ ဆေးရုံကလူများကသူတို့ကိစ္စနှင့်သူတို့အလုပ်ရှုပ်နေခဲ့ကြပြီး ယောကျ်ားလေးနှစ်ယောက် တစ်ယောက်လက်တစ်ယောက်ဆုပ်ကိုင်ထားသည့်ဤထူးဆန်းသည့်အခြေအနေကို သတိမပြုမိကြတာအတော်ကံကောင်းသည်။

ရှယောင်ကရုတ်တရက်သူ့ပုခုံးပေါ် လေးတဲ့အရာတစ်ခုကျရောက်လာသည်ဟုခံစားလိုက်ရသည် ထိုအရာကတော့ကျိုးတုဆီကဖြစ်ပြီး ရှယောင်ပုခုံးပေါ်ကိုသူ့ခေါင်းလေးမှီလျှက် အိပ်​ပျော်နေလေသည်။

ရှယောင်အေးခဲသွားသလိုခံစားလိုက်ရပြီး အသက်ရှူသံတွေကလည်းမြန်လာခဲ့သည်။ သူ့ခေါင်းကိုလှည့်၍ကျိုးတုကိုကြည့်လိုက်မိသည်။ ဆေးရုံကမီးရောင်တွေက ထိုလူ၏မျက်နှာအစိတ်အပိုင်းအားလုံးကိုမြင်စေခဲ့ပြီး ရှယောင်ရဲ့နှလုံးသားလေးကိုလည်းခုန်အောင်လုပ်နေခဲ့သည်။

အိပ်နေတဲ့ကျိုးတုရဲ့ပုံစံလေးကနူးညံ့သိမ်မွေ့နေခဲ့သည်။ ရှယောင်အနေနဲ့ ကျိုးတုအိပ်နေသည့်ပုံကိုမရေမတွက်နိုင်အောင် မြင်ခဲ့ဖူးသော်လည်း ဘယ်နှစ်ကြိမ်ပဲ မြင်လိုက်မြင်လိုက် ထိုကောင်လေးရဲ့နှလုံးခုန်သံကတော့တိုးလာနေဆဲပင်ဖြစ်သည်။

ရှယောင်က ကျိုးတုအိပ်ရတာသက်တောင့်သက်သာရှိရန်အတွက် သူ့ပုခုံးကိုပိုပြီးတိုးပေးလိုက်သည်။ ပြီးနောက် ကျိုးတုကိုကိုင်ထားတဲ့လက်ကိုလွှတ်ပေးလိုက်ပြီး အိပ်မောကျနေတဲ့ကျိုးတုကိုယ်လုံးလေးကိုလည်းရွှေ့ပေးလိုက်သည်။

© ကျွန်တော့်မိန်းမကကျွန်တော်သူ့ကိုမချစ်ဘူးလို့ပဲထင်နေတယ် [ဘာသာပြန်]Where stories live. Discover now