Chapter 35

11.5K 2.2K 156
                                    

[Unicode]

ရှယောင်ကတံခါးပေါက်နားမှာထိုင်နေခြင်းဖြစ်တာကြောင့် သူ့ဆီသို့လာနေကြသည့် မစ်ကျိုးနှင့် ကျိုးတုကိုတွေ့ရှိသွားဖို့ အချိန်တောင်သိပ်မကြာလိုက်ပါ။

ကြောက်လန့်သွားသောရှယောင်လေးကသူ့ခုံမှာထိုင်နေရင်း ဂနာမငြိမ်ဖြစ်နေမိသည်။

ဖန်ဇီယုက ရှယောင်ဂနာမငြိမ်ဖြစ်နေတာကိုသတိထားလိုက်မိသည်။ သူကရှယောင်အကြည့်အတိုင်းလိုက်၍ကြည့်လိုက်တော့ လှပသောအန်တီတစ်ယောက်ကိုတွဲရင်း သူတို့ဆီလျှောက်လာနေသည့်ကျိုးတုကိုမြင်လိုက်ရသည်။

" ယောင်ယောင် မင်းသူငယ်ချင်းနဲ့အပြင်ထွက်လာတာလား " မစ်ကျိုးကရှယောင်ကို နွေးထွေးစွာနှုတ်ဆက်လိုက်သည်။

ရှယောင်က ကျိုးတုကိုမကြည့်ရဲပဲ မစ်ကျိုးကိုသာကြည့်နေပြီး ပြန်ဖြေပေးလိုက်သည် " ဟုတ်ကဲ့ "

ကျိုးတုအမေကသူမ၏သားကို တံတောင်ဆစ်လေးနဲ့တို့လိုက်ပြီး ပြောလိုက်၏ " သွား မားအတွက်စတော်ဘယ်ရီအရသာရေခဲမုန့်တစ်ခုဝယ်လာခဲ့ပေး " ထို့နောက်တွင်မှ သူမကရှယောင်ဘေးနားသွားပြီးထိုင်ချလိုက်သည်။

ကျိုးတုအမေကပြောသည် " ဒီနေ့တကယ်ပူတာပဲနော် ဟုတ်တယ်မလား ဒါကသားရဲ့သူငယ်ချင်းလား မင်းကလူချောလေးပဲ " သူမကဖန်ဇီယုကိုပြုံးပြလိုက်၏။

ဖန်ဇီယုက မစ်ကျိုးကိုယဥ်ယဥ်ကျေးကျေးနှုတ်ဆက်လိုက်၏။

မစ်ကျိုးကဆက်၍ပြောသည် " ဒီနေ့တကယ်ပူတာပဲ သားတို့ကဘာလာလုပ်ကြတာလဲ " သူမကရှယောင်ကိုလှည့်ပြီးမေးလိုက်သည်။

ရှယောင်ကပြန်ဖြေလိုက်သည် " လိုအပ်တဲ့ပစ္စည်းလေးနည်းနည်းလာဝယ်တာပါ "

ကျိုးတုကရေခဲမုန့်ဝယ်ပြီး ဖန်ယောင်ယောင်နှင့်အတူ သူတို့နားသို့ပြန်ရောက်လာ၏။ ဖန်ယောင်ယောင်က ကျိုးတုအမေကိုလည်းတွေ့ရော သူမကရုတ်တရက်အံ့အားသင့်စွာအော်လိုက်သည် " ဝိုး ရှင်ကကျိုးတုရဲ့အစ်မပဲဖြစ်ရမယ် ရှင်ကအရမ်းလှတာပဲ "

သူမ၏စကားကိုလည်းကြားရော ကျိုးတုအမေကရယ်လိုက်၏ " ဘယ်ကအစ်မရမှာလဲ အန်တီကသူ့အမေပါ " ထို့နောက်သူမက ကျိုးတုလက်ထဲကရေခဲမုန့်ကိုယူလိုက်ပြီး ဇွန်းနဲ့အနည်းငယ်ခပ်၍သူမပါးစပ်ထဲထည့်လိုက်သည်။

© ကျွန်တော့်မိန်းမကကျွန်တော်သူ့ကိုမချစ်ဘူးလို့ပဲထင်နေတယ် [ဘာသာပြန်]Where stories live. Discover now