Ch-33

362 25 0
                                    

Uni

***ကိုယ်က ကိန်းဂဏန်းတွေတွက်ချက်ပြီးမှရလာတဲ့ရလဒ်ထက် မင်းရဲ့ရိုးရှင်းတဲ့အဖြေကိုပဲလိုချင်တာ...................

_____________________________

Chanyeol ငယ့်ကို စိတ်မချသောကြောင့် ယောက္ခမကြီးအိမ်ပို့လိုက်ရသော်လည်း စိတ်ကမဖြောင့်ပေ။ တစ်စုံတစ်ယောက်ကို ချနင်းဖို့ဆိုရင် ကိုယ်ဘက်ကလည်း အားနည်းချက်မရှိဖို့ပြင်ဆင်ထားရသည်။ စာရွက်စာတန်းတွေကြားထဲ လူကခေါင်းမြုပ်ဖတ်နေရတဲ့ရက်တွေကလည်း တဖြည်းဖြည်းတိုးလာသည်။ ဟိုဘက်ကလည်း လှုပ်ရှားမှုက ညင်သာလွန်းတာကြောင့် အစစအရာရာသတိထားနေရသည်။ အမှောင်ထဲကလူနဲ့ အလင်းထဲကလူ ...။ ယှဉ်ပြိုင်လာတဲ့အခါ ဘယ်သူကနိုင်မလဲ သူမသိပေ။ နှစ်ပေါင်းများစွာ မြိုသိပ်ခဲ့ရတဲ့ နာကျဉ်းမှုတွေ ခံပြင်းမှုတွေက မတရားမှုတွေက အဆုံးသတ်ပေတော့မည်။ စစ်အေးတိုက်ပွဲအဖြစ် စတင်ခဲ့တဲ့တိုက်ပွဲက အခုချိန်မှာ ဘယ်ချိန်ပေါက်ကွဲမလဲမသိတဲ့ မိုင်းတစ်ခုလို အချိန်မရွေးပေါက်ကွဲနိုင်တဲ့ တိုက်ပွဲအဖြစ်သို့.......

Ring Ring Ring

" အေး ငါပြောထားတဲ့အတိုင်း အဆင်သင့်ဖြစ်ပြီလား "

" .......... "

" ကောင်းပြီ "

_____________________________

" Baek သူအဆင်ပြေပါ့မလား "

" စိတ်မပူပါနဲ့ သူကဘယ်သူလဲ မင်းမသိတာလား သူအဆင်ပြေမှာပါ "

" ငါ..ငါ..ငါ ..... "

" ကဲပါ စိတ်လျော့ပါကွာ မင်းယောင်္ကျား အဆင်ပြေမှာပါ သမီးလေးတောင် မင်းမျက်နှာကြည့်ပြီး မျက်နှာလေးမဲ့ပြီ "

Kyungsoo ရင်ခွင်ထဲက သမီးလေးကို ကြည့်လိုက်တော့ လက်လေးသေးသေးလေးတွေနဲ့ သူ့မျက်နှာကို လက်လှမ်းကာ တအဲ့အဲ့နှင့်အသံလေးတွေထွက်နေသည်။ Kyungsoo သမီးလေးကိုကြည့်ပြီးပြုံးလိုက်ကာ

" ပါးပါး သမီးလေးက ပါးမျက်နှာပျက်တာမကြိုက်ဖူးပေါ့လေ ပါးသမီးလေးက ချစ်ဖို့ကောင်းလိုက်တာကွာ "

Baek ရဲ့သားလေးသည်လည်း Kyungsoo တို့သားအဖကိုကြည့်ကာ တခစ်ခစ်ရယ်နေတော့သည်။

Happy House(U+Z)Where stories live. Discover now