Ch-6

706 68 6
                                    

Uni

***ပုံသေထားပြီးတွက်လို့ရတဲ့ပုစ္ဆာတွေတောင်ရှိသေးတာပဲ
ဘဝပုစ္ဆာကိုလည်းပုံသေနည်းတိုင်းဖြေရှင်းလို့ရမှာပါ.....
____________________________

တစ်ညလုံးဘယ်သူမှမအိပ်ပဲစောင့်နေကြသည်။ KS နိုးလာပေမဲ့အိပ်ချင်လာတာကြောင့်ပြန်အိပ်ပျော်သွားလေသည်။

Sehun ဘယ်သူနဲ့မှစကားမပြောဘဲထိုင်နေခြင်းက သူ့ကိုယ့်ကိုအပြစ်ပေးနေခြင်းပါ။ သူ့အတွက် Luhan hyun သာအရေးကြီးခဲ့ပြီး KS ကိုလုံးဝလှည့်မကြည့်မိခဲ့။ သူကတော့ပျော်နေခဲ့ပေမဲ့ KS ကတော့ဘဝကိုမပျော်မရွှင်ဖြတ်သန်းနေခဲ့ရတာကိုသူမသိခဲ့။ သူluhan hyun မရှိတုန်းကဆိုအနားကနေ ပါးစပ်နဲ့မပြောပေမဲ့ သူ့အတွက်အကုန်လုပ်ပေးတဲ့အကို။ ညကြီးအချိန်မတော် စားချင်တာကိုphဆက်ပြောလိုက်ရင် ချက်ချင်းထကာ သူမလုပ်တက်ရင်တောင်မရမကဝယ်ပေးခဲ့တဲ့ အကို။ သူ့အတွက်ဆိုလက်ညိုးညွှန်ရာရေဖြစ်စေခဲ့တဲ့အထဲမှာ KS hyun ကထိပ်ဆုံးက။ သူ့အတွက်အကိုလို အဖေလိုစောင့်ရှောက်ပေးခဲ့တဲ့အကိုကို သူက သူက ။ တောင်းပန်ပါတယ် hyun။ Hyun လိုအပ်တဲ့အချိန်တိုင်းဘေးမှမရှိနေခဲ့လို့။ တောင်းပန်ပါတယ် hyun hyun အတွက်ဘာမှမလုပ်ပေးနိုင်ခဲ့လို့။ Sehun စိတ်ထဲကနေတောင်းပန်နေတာဘယ်နှစ်​ကြိမ်မြောက်မှန်းမသိ။ Sehun ရဲ့အတွေးနဲ့မတူညီရင်တောင် စိတ်ထဲကနေ ကိုယ်စီတောင်းပန်နေကြမယ်ဆိုတာ မလွဲနိုင်တဲ့အမှန်တရား။

Chan(pov): ' တောင်းပန်ပါတယ် ငယ်။ ငယ့်ရဲ့စိတ်ကိုမဖတ်ခဲ့တက်ခဲ့လို့။ ငယ့် ဘက်ကိုကိုယ်မစဥ်းစားခဲ့မိလို့။ တောင်းပန်ပါတယ် ငယ် ရာ။ ကိုယ့်အတွက်မဟုတ်တောင် ငယ့် ကိုချစ်တဲ့သူတွေကြောင့်နိုးလာပေးပါ။ အရင်ကထက်ပိုဂရုစိုက်ပါ့မယ် ငယ် ရယ်။ ကိုယ့်ရဲ့အပြစ်တွေလိုမခံစားချင်ဘူး ငယ်ရယ် '

သူတို့တွေထိုင်နေခဲ့တာ မိုးတောင်လင်းလာခဲ့ပြီ။ KS လည်းနိုးလာခဲ့ပြီ။ KS နိုးနိုးချင်းတွေ့လိုက်ရတာက Chan ရဲ့မျက်နှာ။ KS ပျော်မိသွားသည်။ Chan ရဲ့မျက်နှာကိုသာမမြင်ရရင်ကွာရှင်းမိမှာအမှန်။ Chan က သူ့ရဲ့လက်ကိုကိုင်ကာ

Chan : " ငယ် နိုးလာပြီလား။ ဘယ်နားနာသေးလဲ။ ခေါင်းတွေမူးနေသေးလား။ ဘယ်လိုနေသေးလဲ "

Happy House(U+Z)Where stories live. Discover now