Ch-14

531 44 12
                                    

Uni

***တြိဂံတစ်ခုမှာတောင် အနားနှစ်ဖက်ညီရင်ထောင့်တွေညီသေးတာ
ကိုယ်တို့ရဲ့စည်းမျဥ်းအနားသတ်တွေနဲ့ ကိုယ်တို့ရဲ့အဖြေကထပ်တူညီဖို့မျှော်လင့်တယ်.......
_____________________________

Chan နဲ့ Kai တို့ရဲ့ရှင်းပြမှုအဆုံးမှာ အကုန်လုံးက ခေါင်းတစ်ငြိမ့်ငြိမ့်။ Kai ကတော့ပြောရတာမောသွားတယ် ထင်ပါ့ ရေခွက်ထဲအပြည့်ဖြည့်ထားတဲ့ ရေတွေကိုအကုန်မော့သောက်ပစ်သည်။ Chan ကတော့ရေဘူးလိုက်ကိုကောက်မော့တော့တာပဲ။ စကားဝိုင်းက အတွေးကိုယ်ဆီနဲ့တိတ်နေပေမဲ့ စပ်စုစိန် Baek ကတော့ မေးခွန်းတွေတန်းစီပြီးထုတ်တော့မယ်ဆိုတာ ရာနှုန်းပြည့်။ ​

Baek : " ငါမေးစရာရှိသေးတယ် "

Chan&Kai : " သိတယ်!! "

တစ်ပြိုက်နင်လိုလို ထွက်လာတဲ့အသံကြောင့် ရယ်သံတွေထွက်လာသည်။

Chen : " Baek ရား မေးမေး များများမေး ငါတို့က မင်းလောက်မမေးတက်ဘူး သိချင်တာတွေကအများကြီးရယ်။ "

ဟုတ်သည်လေ Baek ဆိုသည်မှာမဖြေချင်တာကိုတောင်ဘယ်လိုလှည့်ပတ်မေးရမလဲဆိုလာထားပဲ။

Baek : " အေးပါကွာ ။ ငါအရင်ဆုံးသိချင်တာက ...... KS မင်းကို အရင်မေးရမယ်ထင်တယ် "

KS : " ဟင် ဘာကိုလဲ "

Baek : " မင်းက ဘယ်ကနေဘယ်လိုသတင်းရပြီး yoda နောက်ကို လူလွှတ်ထားရတာလဲ "

KS : " aww ငါ့ ph ထဲကိုဓာတ်ပုံတွေအမြဲပို့ပေးနေတာလေ "

Baek : " အဲ့လောက်လေးနဲ့ ဟိုအရိုး ကို နောက်ယောက်ခံလိုက်ခိုင်းတယ်ပေါ့ ။ မဖြစ်နိုင်တာမပြောစမ်းနဲ့ ။ မင်းလား ဓာတ်ပုံတွေပို့ရုံနဲ့ယုံမှာ။ မင်းကိုယ်တိုင်တွေ့ခဲ့တာမလား "

အကုန်လုံးသိနေတဲ့ဒီဇိုင်းမေးငေါ့ပြီးပြောလာတဲ့ Baek ။ Chen ကလည်း

Chen : " သေချာတာပေါ့ မျက်လုံးကိုယ်တိုင်တွေ့ခဲ့တယ် ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီး တစ်ယောက်ထဲခံစားနေမှာပေါ့ "

KS : " သိရင်လည်း ဘာလို့လာမေးနေလဲ "

Suho : " မဟုတ်ဘူး ငါတို့သိချင်တာက မင်းတွေ့ခဲ့တာကို သိချင်တာ "

Happy House(U+Z)Where stories live. Discover now