Ch-5

716 64 4
                                    

Uni

***စာမေးပွဲမှာ ပုစ္ဆာမှားဖြေမိလို့ဆိုရင်တောင်ပြန်ပြင်ဆင်ပိုင်ခွင့်ရှိတယ်
ဘဝဆိုတဲ့စာမေးပွဲမှာရော ပြန်ပြင်ဆင်ခွင့်ရှိပါ့မလား..........
______________________________

Chan ငယ့် လက်လေးကိုကိုင်ထားပြီး မျက်နှာလေးကို ငေးကြည့်နေမိတယ်။ ငယ် ကအခုထိမနိုးသေး။ အဒေါ်ကတော့ ငယ့် ကိုဂရုစိုက်ဖို့ အထပ်ထပ်ပြောရင်း ပြန်သွားခဲ့သည်။ သူ့မှာလည်း သားသမီးတွေရှိသေးတာကြောင့်မပြန်လို့မရပေ။ ငယ့် ကိုပဲကြည့်နေမိတာကြောင့် အခန်းထဲ လူတွေဝင်လာတာကိုတောင်မသိ။

Kai : " yeolli "

အသံကြားလို့လှည့်ကြည့်တော့ သူတို့အကုန်လုံးရောက်နေကြတာပဲ။

Chan : " အာ sorry ။ ငါမသိလိုက်ဘူး။ မင်းတို့ဘယ်တုန်းကရောက်လာတာလဲ "

Lu : " အကိုတို့ 6 ယောက်က မနေ့ကပြန်ရောက်တာ ဒီနေ့မင်းတို့ကို 6 ယောက်ကို surprise လုပ်မလို့ဆိုပြီး...."

Kris : " Kyung လေးက ငါတို့ကို surprises အကြီးကြီးတိုက်လိုက်တာပဲ ....."

Suho : " We are one လို့ပြောပြီး ငါတို့ကသူ့ကို...."

Minseok : " ဝမ်းနည်းစရာတွေ မပြောပါနဲ့တော့ အခုချိန်မှာ အရင်ကထက်သူ့ကိုပိုဂရုစိုက်ကြတာပေါ့ "

Lay : " ငါနဲ့Jung ဒီမှာအပြီးလာနေတော့မယ်။ ပြီးတော့ Chan မင်းအိမ်မှာလာနေမယ်။ Jung လေးနဲ့ Kyung လေးအဖော်ရတာပေါ့ "

အပြင်ကနေ အခုမှဝင်လာပြီးပြောလိုက်တဲ့ Lay ရဲ့စကားကြောင့်အကုန်လုံးက ကျေးဇူးတင်တဲ့အကြည့်တွေနဲ့ကြည့်ကြသည်။ Lay ရဲ့အဖေက တရုတ်မှာကလွဲရင် တစ်ခြားနေရာမှာ အခြေချမယ်ဆိုရင် အမွေပြတ်လို့ပြောထားခဲ့တာလေ။ အဲ့တာကိုတောင် ဒီမှာအခြေချမယ်ဆိုတော့ Jungmyeon ကိုတော်တော်ချစ်တာ သိသာပါသည်။ အခန်းပြင်မှာကတည်းက Lay ကို Jungmyeon KS နဲ့နေဖို့ပူဆာတော့ ချက်ချင်းပင် ph တစ်လုံးကိုင်ကာထွက်သွားတဲ့ lay။ Suho ကတော့ lay ကိုပြေးဖက်ကာ

Suho : " ကျေးဇူးပါ xing ။ အရမ်းချစ်တယ် "

Lay : " ကျေးဇူးတင်ဖို့မလိုပါဘူး Jung ရာ ။ Jung ရဲ့မျက်နှာလေး ပြုံးနေဖို့ပဲလိုတယ်။ "

Happy House(U+Z)Where stories live. Discover now