Ch-9

545 54 4
                                    

Uni

***ပုစ္ဆာတစ်ပုဒ်ရဲ့မေးခွန်းကိုလှည့်ထားရင်တောင် နားလည်မှုလွဲသေးတာ
ဘဝမှာလှည့်ကွက်တွေများလာရင်လည်း နားလည်မှုလွဲ လာလိမ့်မယ်
___________________________

KS လေယာဥ်ပေါ်မှာ တကယ်ကို အဆင်မပြေပါ။ အဆင်မပြေတာက စိတ်အဆင်မပြေတာ ။ Chan ဘာတွေလုပ်နေလဲဆိုတာမသိရ။ ဘာဖြစ်နေတယ်ဆိုတာလည်းမပြောပြ။ အရင်တုန်းက သူ့ကိုလျစ်လျှူရှခဲ့တာ အဲ့တာတွေလုပ်နေခဲ့တာလား။ သူဘာကိုယုံရမလဲ သူဘာမှမသိ။ Chan ကတော့ KS ရဲ့အတွေးတွေကိုသိနေစွာ

Chan : " ငယ် စိတ်ရှုပ်နေမယ်ဆိုတာ ကိုယ်နားလည်တယ် ။ ဒါပေမဲ့ ငယ် ခနလေး ခနလေးပဲစောင့်ပေး ။ ကိုယ်အရာအားလုံးကိုဖြေရှင်းပေးမှာမို့ ကိုယ့်ကိုအချိန်ခနတော့ပေး "

KS : " omm ပါ "

Chan : " လာ ခုံပေါ်မှာမအိပ်ချင်ဘူးဆိုရင် ကိုယ့်ပေါ်မှီအိပ် "

KS : " Chan ပခုံးနာနေမှာပေါ့ "

Chan : " ငယ်ရယ် ငယ့်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးတောင်ကိုယ့်အပေါ်တင်အိပ်လို့ရသေးတယ်။ လာအိပ်မလား "

Chan ကပြီတီတီနဲ့ပြောလာတော့

KS : " ဘာတွေပြောနေတာလဲ "

ဆိုပြီးရိုက်လေသည်။

Chan : " ဟောဗျာ ကိုယ်က ဘာပြောလို့လဲ ငယ် ရဲ့ခေါင်းတင်မဟုတ်ဘူး တစ်ကိုယ်လုံးကိုလည်းနိုင်နိုင်.... "

KS : " တော်တော့ဆို "

Chan : " ဟား ဟား ဟား ငယ်ရာ ကိုယ်ကစတာပါ။ "

KS : " ဟွန့် "

Chan : " လာ ကိုယ့်ပေါ်မှီအိပ် "

Chanနဲ့KS တစ်ယောက်နဲ့တစ်ယောက်ပခုံးပေါ်မှီကာအိပ်နေတော့သည်။

xxxxxxxxxxxxxxxxxxxxxx

Suho : " yixing ရှင်းပြပေး ဘာတွေလည်း ငါတစ်ခုမှခိုက်မမှီတော့ဘူး "

Suho တစ်ယောက် လေယာဥ်ကွင်း မဟုတ်သေးဘူး ကားပေါ်တက်ကတည်းက သတိထားမိတာ။ သူက စက်ပစ္စည်းတွေနဲ့ပက်သက်လာရင်မသိတာမရှိ။ သူတို့စီးလာတဲ့ကား အခုသူတို့စီးနေတဲ့လေယာဥ် ဒေါ်လာသိန်းချီတန်တဲ့ ကား ၊ လေယာဥ်တွေ ။ နောက်ပြီး Suho က Computer အပိုင်းမှာရော တီထွင်မှုကကျွမ်းကျင်အဆင့်။ yixing မသိအောင်လုက်ထားတဲ့ တီထွင်မှုတွေမနည်း။ အဲ့ထဲမှာ Chanyeol ဆီမှာရှိတဲ့ လေယာဥ်တွေထဲက 3 4 5 စင်းက သူတီထွင်ထားတဲ့လေယာဥ်။ အခုစီးလာတဲ့လေယာဥ်တောင်သူတီထွင်ထားခြင်း။ အကုန်လုံးသိကြတာက သူ့ရဲ့ညီကတီထွင်တယ်ဆိုတာပင်။ ညီလေးရဲ့နာမည်နဲ့အန္တာရယ်ကင်းကင်းတီထွင်နိုင်ခဲ့ပေမဲ့အခုချိန်မှာ Chanyeol က အကောင်ကြီးကြီးအမြီးရှည်ရှည်ထဲကပင်။ သူမပြောရသေးဘဲ သူဘယ်သူဆိုတာသိသွားမှာကိုစိုးရိမ်တာ ။ သူလုပ်သမျှလေယာဥ်တွေကို Chanyeol ကအကုန်ဝယ်ထားတာကြောင့် ရှော့ခ်အကြီးကြီးရလေသည်။ သူပြောဖို့ကြိုးစားနေပေမဲ့အခွင့်အရေးမရှိသေးတာကြောင့် သူမှမလူးသာမလွန့်သာ။ အဲ့တာကြောင့် yixing ကိုမေးမိသည်။

Happy House(U+Z)Where stories live. Discover now