Ch-2

980 72 8
                                    

*** သင်္ချာပုစ္ဆာတိုင်းမှာအဖြေရှိပေမဲ့
ဘဝပုစ္ဆာတိုင်းမှာအဖြေရှိပါ့မလား........

xxxxxxxxxxxxxxxxxxxxxxxxxx

Chan ငယ် နိုးမလာသေးတာကြောင့်လက်တော့ပ် တစ်လုံးနဲ့ အလုပ်တွေလုပ်နေလိုက်သည်။ ငယ် အိပ်နေတာ နေတောင်စောင်းတော့မယ် ။ အခုထိနိုးမလာသေး။ သူလည်း အလုပ်ထဲစိတ်နှစ်ပြီးလုပ်နေလိုက်သည်။ သူအလုပ်လုပ်နေရင်းတစ်ယောက် ယောက်က ကြည့်နေသလို ခံစားရတာကြောင့် မော့ကြည့်လိုက်တော့.....

Chan : " ငယ်! နိုးနေတာကြာပြီလား"

လုပ်လက်စအလုပ်တွေကို ချထားကာ ငယ့်ဆီကိုသွားတော့...

KS : " သွား ငါ့နားမလားနဲ့။ အဲ့မှာ နေချင်သလိုနေနေလိုက်။ ငါနိုးတာတောင်မသိရအောင် ဘယ်မိန်းကလေးအကြောင်းတွေလိုက်ရှာနေမှန်းမှမသိတာ။ လူကိုသူလုပ်ချင်သလိုလုပ်ထားပြီးတော့။ သွား မလာနဲ့။ အဲ့လက်တော့ပ်ကိုပဲကြည့်နေ။ လာလည်းမခေါ်နဲ့ ။ အစုတ်ပလုတ်ကြီး။ လူယုတ်မာကြီး။ စားပြီးနားမလည်တဲ့လူကြီး......"
(အမလေး ယူ့အစားဒို့မောတယ် ကိုဒူးရေ)

ပါးစပ်ကနေ တရစပ်ပြောပြီး ခေါင်းအုံးနဲ့တောင်မဟုတ် တွေ့သမျှပစ္စည်းတွေနဲ့ကောက်ပေါက်နေတာကြောင့် Chan မှာ အလူးအလဲရှောင်ရင်း...

Chan : " ဟာ ငယ် မဟုတ်ဘူးလေ။ ကိုယ် တောင်းပန်တယ်လေကွာ။ကိုယ် မှာကြည့်စရာဆိုလို ငယ်ပဲရှိတာပါ။ အခုက အလုပ်က နည်းနည်းအရေးကြီးနေလို့။ "

KS : " aww အဲ့တော့ ငါက မင်းအလုပ်ထက် အရေးမကြီးဘူးပေါ့လေ"

Chan : " အဲ အဲ့လိုပြောတာဟုတ်ဘူးလေ ငယ် ။ ငယ် က ကိုယ့်ဘဝအတွက်မရှိမဖြစ်လေ။ ဒါပေမဲ့ ..."

KS : " ဒါပေမဲ့ဘာဖြစ်လဲ ... "

ငယ် စိတ်မကြည်ရင် ရစ်တက်တာကြောင့် ဘာပြန်ပြောမှန်းမသိ။ ငယ်အိပ်ရာက နိုးနိုးချင်း သူ့ကိုမတွေ့ရင် စိတ်ဆိုးတက်တယ်။ အထူးသဖြင့်အခန်းထဲမှာ သူ့ကိုလှည့်မကြည့်မိဘဲ အလုပ်လုပ်နေမိရင် ပိုဆိုးတယ်။ အဲ့တာကြောင့် အိမ်မှာဘယ်တော့မှ အလုပ်မလုပ် ။ ကုမ္ပဏီမှာ အပြီးလုပ်ရင်လုပ် မဟုတ်ရင် ငယ် အိပ်ပျော်မှ ခိုးလုပ်ရတာ။ အခုတော့ ချော့ပေတော့ပဲ ခိုးလုပ်ပါတယ်ဆိုမှ တည့်တည့်ကိုသွားတိုးတာ။

Happy House(U+Z)Where stories live. Discover now