Ch-4

718 74 14
                                    

Uni

***သင်္ချာပုစ္ဆာတစ်ပုဒ်ကိုတွက်ပြီးအဖြေမှန်မရတာ မေးခွန်းမှားလို့ဆိုရင်.....
ဘဝပုစ္ဆာမှာရော အဖြေမှန်မရတာ မေးခွန်းမှားနေလို့လား..........

_____________________________

ပြတင်းပေါက်တံခါးဖွင့်ထားတာကြောင့် နံနက်ခင်းနေရောင်ခြည်ဟာ အခန်းထဲကိုထိုးကျနေခဲ့သည်။ KS တစ်ယောက် မနေ့ညကတည်းကအိပ်ရာပေါ်မှာထိုင်နေပြီး ပြတင်းပေါက်ကို ငေးကြည့်နေခဲ့တာ။ အပြင်ဘက်က အမှောင်ထုကိုကြည့်ရင်း ဒီထက်ဉာဥ့်နက်သွားရင် ကို ပြန်လာမှာဆိုတဲ့ အတွေးနဲ့ပေါ့။ မိုးလင်းတဲ့အထိရောက်မလာတဲ့ ကို ဟာ သူ့ကိုတစ်ကယ်ပဲ စိတ်ကုန်သွားတာလား။ သူ့ကိုထားခဲ့တော့မှာလား။မဟုတ်ပါဘူး ကို ကအလုပ်ရှုပ်နေလို့ မလာတာ။ မဟုတ်ပါဘူး ကို က ခနနေရင်ရောက်လာတော့မှာပါဆိုတဲ့အတွေးတွေနဲ့အတူ မျက်ရည်တွေကလည်း သူမသိလိုက်ခင်မှာပဲ မျက်နှာပေါ်မှာနေရာယူနေခဲ့ပြီ။အိပ်ခန်းလေးရဲ့တစ်နေရာမှာ ထိုင်နေရာကမထပဲ ကို ပြန်လာမှာပါဆိုပြီး တတွတ်တွတ်ရွက်ကာ မျက်ရည်တွေကျမှန်းမသိကျနေခဲ့တဲ့ Kyungsoo ဟာ တစ်ကုန်လုံးတုန်ခါနေပါပြီ ။

ထို့အတူစာကြည့်ခန်းထဲက Chan ဟာလည်း အခုထိတစ်ရေးမှမအိပ်ရသေးပါ။ ငယ့် ကိုဒေါသထွက်စွာ အော်ခဲ့ပေမဲ့ စိတ်မကောင်းဖြစ်နေတာကလည်း သူပင်။ စာကြည့်ခန်းမှ ပြတင်းပေါက်ကို ဖွင့်ကာ အကြောင်းမဲ့ငေးကြည့်နေမိတာက ညလုံးပေါက်။ ငယ့် ကိုဘယ်ကနေ ဘယ်လိုစကားစပြောရမယ်ဆိုတာကို သူတကယ်မသိတော့ပါ။ အရင်တုန်းက ငယ့် အကြောင်းတွေအကုန်သိတယ်လို့ ထင်ထားပေမဲ့ အခုတော့ သူတကယ်ပင်မသိတော့ ငယ် ဘာတွေတွေးနေလဲဆိုတာ သူလိုက်မမှီအောင်ပင်။ ငယ့် ကို သွားချော့ချင်ပေမဲ့ မာနတရားတွေက တားထားသည်။ ငယ့် ကိုသူလည်း စိတ်ကောက်ကြည့်ချင်မိသည်။ Chan အိပ်ခန်းထဲတောင်မဝင်ပဲ ကုမ္ပဏီကိုသာတန်းသွားခဲ့တော့သည်။ ကံကြမ္မာကိုဘယ်သူကသိနိုင်မှာလဲ။ အိပ်ခန်းထဲ မဝင်ပဲ ကုမ္ပဏီ တန်းသွားခဲ့တဲ့အဖြစ်က သူတို့နှစ်ယောက်ရဲ့အခြေအနေတွေကိုပိုပြီးအေးစက်သွားမယ်ဆိုတာ.....

Chan ကုမ္ပဏီရောက်တော့လည်း စိတ်နဲ့လူမကပ်။ ဘာလုပ်လုပ်အလွဲလွဲအချော်ချော် ။ Kai ရဲ့ " မင်းဘာဖြစ်နေတာလဲ မင်းမလုပ်ချင်ရင် ပြန်တော့ " ဟူသောစကားသံတွေက အခွန်းတစ်ရာမကတော့။ Chan သူတို့နှစ်ယောက်ရဲ့အခြေအနေတွေကို ဘယ်သူငယ်ချင်းကိုမှ ဖွင့်ဟ မပြောခဲ့။ သူတို့ထင်တာ KS စိတ်ကောက်နေလို့ အခုလိုဖြစ်နေတာဟုပင်။ ကုမ္ပဏီက နိုင်ငံခြားကို ခွဲထွက်ဖို့ပြင်နေတာကြောင့် ပိုပြီးအလုပ်ရှုပ်နေခြင်းပါ။ Chan ကတော့ ကုမ္ပဏီမှာ Kai ရဲ့အပြောတွေကိုလှိမ့်ခံနေကာ အလုပ်လုပ်နေလေသည်။ အိပ်ခန်းထဲမှာကျန်နေခဲ့တဲ့ကောင်လေး မေ့လဲသွားခဲ့တယ်ဆိုတာကို မသိခဲ့စွာ။

Happy House(U+Z)Where stories live. Discover now