Ch-12

497 42 2
                                    

Uni

***မညီမျှခြင်းပုစ္ဆာတွေတောင် ညီမျှခြင်းအနောက်မှာအဖြေအဖြစ်ထွက်လာသေးတာ.......
မင်းနဲ့ကိုယ်ရဲ့ကြားကပြသာနာတွေရဲ့တစ်ဖက်မှာအဖြေရှိနေမှာပါ.........

_______________________________

" ဟား ဟား ဟား "

" ဟေ့ကောင်တွေ "

" ရပ်နေနော်အဲ့မှာ "

" ကြောက်လိုက်တာကွာ "

" ဟား ဟား ဟား "

Chanyeolနဲ့KS ​လှမ်းနေတဲ့ခြေလှမ်းတွေတောင် တုံ့ခနဲရပ်သွားမိသည်။ သူတို့ရောက်တောင်မရောက်သေးဘူး ဟ်ုကောင်တွေရဲ့အသံတွေကဟိန်းခနဲ မီးဖိုဆောင်တစ်ခုလုံးကိုများဖွထားတာလားမသိ။ 2 ယောက်စလုံးကမန်းကတန်းဝင်သွားတော့ မြင်လိုက်ရတဲ့မြင်ကွင်းက Park chanyeolတို့သွေးတက်စရာ။ ဟိုတယ်ရဲ့စားသောက်ခန်းတစ်ခုလုံးရစရာမရှိ။

Chan : " yar yar!!! မင်းတို့ကောင်တွေ ။ ဟေ့ကောင်တွေ "

Chanyeol ကိုလှည့်ကြည့်ရုံကြည့်ပြီး အရေးတောင်မစိုက်သောင်းကျန်းနေကြတာ။

Ks ကတော့ခေါင်းတစ်ခါခါနဲ့ သူတို့အနီးဝင်ထိုင်လိုက်သည်။ Chanyeol လူတစ်ယောက်ကိုခေါ်ကာ ဟိုကောင်တွေဖွထားသမျှပြန်ရှင်းခိုင်းရတော့သည်။ Chan ငယ့်အတွက် အအေးတစ်ခွက်ယူရင်း ငယ့် အနားဝင်ထိုင်လိုက်သည်။ သူတို့နှစ်ယောက်ထိုင်နေတာမြင်တော့မှ အနားရောက်လာကြသည်။

Kai : " ဟက် ဆူပုတ်နေတာပဲ သားကြီးရာ နည်းနည်းလေးတော့လျော့အုံး "

Chan : " မင်းတို့ဖွထားတာလဲကြည့်ကြအုံး "

Baek : " ငြိုငြင်တယ်ပေါ့ "

Chan : " အေး ငြိုငြင်တယ် ။ ငါ့ ငယ် တောင်အေးအေးဆေးဆေးထိုင်နေတာကို "

Lay : " အေး မင်းလည်း မင်း ငယ်ကိုပါးစပ်ဖျားကမချနဲ့ သိလား "

Kris : " အေး အနားမှာရှိနေလည်းပြောနေတာပဲ။ နောက်တစ်ခါဆို ခါးထစ်ခွင်ချီထား "

Sehun : " ပိုကိုပိုတယ် "

KS : " ကဲကဲ တော်ပြီ ငါဗိုက်ဆာနေပြီကွ။ မင်းတို့ရော "

Suho : " မှာထားတယ် ။ မင်းအတွက်ပါမှာထားတယ် "

Tao : " မင်းတော့မပါဘူး လောရှည် "

Happy House(U+Z)Where stories live. Discover now