Ch-8

594 58 19
                                    

Uni

***ဉာဏ်စမ်းပုစ္ဆာတွေရဲ့နောက်ကွယ်မှာ အဖြေဆိုတာရှိပြီးသားပါ
ဘဝပုစ္ဆာမှာရော ပြသာနာတွေရဲ့နောက်ကွယ်မှာရော အဖြေတွေကအဆင်သင့်ရှိနေမှာလား..............
____________________________

Chanyeol တို့ခရီးသွားဖို့အကုန်လုံးပြင်ဆင်ပြီးနေပါပြီ။ အကုန်လုံးကလည်းတွက်ကြွစွာ။ ပြင်ဆင်တယ်သာပြောတာ Chanနဲ့ KS ကဘာမှမလုပ်လိုက်ရ။ သူတို့အကုန်လုံး Hawaii ကိုသွားမှာဆိုတော့ Chanyeol ရဲ့လုပ်ငန်းခွဲတစ်ခုက Hawaii မှာဆိုတော့အဆင်ပြေသွားသည်။ Chanyeol ကသူ့လူတွေအကုန်လုံးကိုစီစဥ်ခိုင်းထားပြီးသားဆိုတော့ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့လိုက်လည်း စိတ်ပူစရာမရှိ။ Chanyeol ရဲ့လုပ်ငန်းတွေကိုတွေကို အနီးကပ်နေတဲ့ Kai တောင်မသိတာ ကျန်တဲ့သူတွေဆိုရင် ပြောစရာမရှိ။ Chanyeol အေးအေးဆေးဆေးထိုင်နေကာ KS အနားပဲကပ်နေသည်။

Kai : " ကဲအကုန်လုံးအဆင်သင့်ဖြစ်ရင်သွားကြရအောင် "

Baek : " လေယာဥ်လက်မှတ်...."

Kai : " အဲ့တာတွေ ။ ကိုယ့်ရဲ့ကလေးကို ကိုယ်ကအပင်ပန်းခံခိုင်းစရာလား။ ကိုယ်ပိုင်လေယာဥ်နဲ့သွားမှာ ။ ဘာာမှမပူနဲ့ "

Kris : " ဘယ်တုန်းကဝယ်လိုက်တာလဲ "

Lay : " မင်းတို့နှစ်ကောင်အရမ်းများနေပြီနော်။ "

Kai : " 😅သိပ်မကြာသေးဘူး။ လာကလေးသွားမယ် "

Chan : " ငယ် လာ သွားရအောင် "

KS : " Chan ဟိုအိပ်တွေက "

Chan : " ထားခဲ့လိုက်ပါ ကလေးရာ။"

Kris : " ဟေ့ကောင် ငါ့အချစ်က အပင်ပန်းခံပြီးထည့်ပေးထားတာ "

Lay : " အတူတူပဲ "

Chan : " ဘယ်သူကထည့်ခိုင်းလို့လဲ။ လာ ငယ် သွားကြမယ် "

ဘာပစ္စည်းမှမပါဘဲ အဝတ်စားလဲကာထွက်သွားတဲ့ Chan တို့နှစ်ယောက်ကိုကြည့်ကာ Kai ကလွဲလို့အကုန်လုံးက ပါးစပ်အဟောင်းသား။

Kai : " ​ပူမနေနဲ့ မင်းတို့သိတဲ့အရင်က Chanyeol မဟုတ်တော့ဘူး။ စီးပွါးရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်နေပြီ။ သူ့ရဲ့ခြေတံလက်တံတွေကိုငါတောင်မသိဘူး။ သူ့လက်အောက်က သူတွေက သစ္စာရှိကြတာဆိုတော့ သူ့အတွက်က ဘယ်သွားသွားအခုလိုထသွားရုံပဲ။ မယုံဘူးဆိုရင် ဟိုရောက်ရင်ကြည့်ကြည့်လိုက် မင်းတို့လုံးဝကြွေဆင်းသွားမယ် ။ လာ သွားကြရအောင်။ ကလေး သွားမယ်လာ "

Happy House(U+Z)Where stories live. Discover now