Ch-23

369 36 2
                                    

Uni

***ဘယ်လောက်ပဲ ရှုပ်ထွေးပွေလီနေတဲ့ ပုစ္ဆာဖြစ်ပါစေ အဖြေမှန်တစ်ခုတော့ရှိနေပြီးသားပါ။ မှန်အောင်တွက်ဖို့တော့လိုတော့ပေါ့..............

_________________________________

Kyungsoo Chanyeol ဆီက အလုပ်လုပ်ဖို့ခွင့်ပြုချက်ကတော့ အရမ်းပျော်သည်။ သူက အလုပ်ပဲလုပ်ချင်နေတဲ့သူလေ။ အစက Chan က သူ့ကိုအနားမှာ ထားပြီး အလုပ်လုပ်ခိုင်းမယ်ထင်ပေမဲ့ ကြိုက်ရာရွေးက အလုပ်လျှောက်စေသည်။ တကယ်ပါ Chan က သူ့စိတ်ကို အရမ်းသိသည်။ Kyungsoo က စီမံရေးနဲ့ငွေစာရင်းဌာနမှာ အလုပ်သင်အဖြစ်ဝင်လိုက်သည်။ Chan က ကောင်းသည် ဆိုးသည်ဘာမှမပြော။ စဝင်ကတည်းက အလုပ်သင်က သူနဲ့ ကောင်လေးတစ်ယောက်သာရှိသည်။ အလုပ်သင်ဆိုတော့ ခိုင်းလို့ရသမျှ လုကုန်ခိုင်းကြသည်။ တစ်ချို့ဆို အလုပ်နဲ့မဆိုင်တာပါခိုင်းကြသည်။ Chan ကို ပြောချင်ပေမဲ့ သူအဲ့လောက်ထိ Chan ကို အားမကိုးချင်။ ပြီးတော့ Chan က အရမ်းအလုပ်ရှုပ်နေသည်ဟု ဌာနမှူးပြောတာ ခနခနကြားရသည်။ အရင်တုန်းကဆို Kyungsoo Chan ကို ဘာတွေအလုပ်ရှုပ်နေလို့ ကူလုပ်ချင်ဟုပြောချင်ပေမဲ့ အခုတော့ သူကိုယ်တိုင် ရှုပ်ရှက်ခက်နေသည်လေ။ လူများသလောက် အခိုင်းခံရတာက များသည်။ Night Duty ကလည်း ခနခနယူရသည်။ မနက်ဆိုလည်းစောစောလာရသည်။ Chan ကို အာရုံမစိုက်နိုင်။ နားရက်လေးများ ရမလားတွေးမိပါတယ် ။ နားရက်ပါမနားရ ။

" ဟင်း......... "

" အဆင်ပြေရဲ့လား Kyungsoo "

သူနဲ့အတူလုပ်တဲ့ အလုပ်သင်ကောင်လေးက မေးလာတော့

" ‌မဟုတ်ပါဘူး စိတ်နည်းနည်းရှုပ်နေလို့ "

" ဟဲ့ ဘယ်ရောက်ကုန်လဲ အသစ်တွေက ဒီမှာခိုင်းထားတာပြီးပြီလား "

Kyungsoo နဲ့ ထိုကောင်လေး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ သူတို့ကိုခေါ်နေတဲ့ စီမံရေးဌာနက ဌာနမှူး မမ ဆီပြေးရတော့သည်။

" ဟုတ်ကဲ့ ပြီးပါပြီဗျ "

" နင်တို့လည်း လေ မပြောချင်ဘူး ခေါ်လိုက်ရင် မတွေ့ဘူး အမြဲအော်ခေါ်နေရတယ် "

" တောင်းပန်ပါတယ် "

" တောင်းပန်မနေနဲ့ ဒီလိုပုံစံနဲ့အလုပ်မရပဲနေမယ် "

Happy House(U+Z)Where stories live. Discover now