Ch-26

427 42 2
                                    

Uni

***Zeroက သူ့ဘာသာနေရင်တန်ဖိုးမရှိပေမဲ့ သူ့ရှေ့မှာဂဏန်းတွေထပ်ထည့်တဲ့အခါ တန်ဖိုးကြီးသွားတယ်တဲ့
  ကိုယ့်အချစ်က မင်းဆိုတဲ့ကိန်းဂဏန်းလေးတစ်ခုကျမှ တန်ဖိုးကြီးသွားတာပါ..........

_________________________________

Kyungsoo နဲ့ Chan အခန်းထဲကိုဖက်လျက်ဝင်သွားတော့ Kai သည်လည်း သူ့သားလေးနဲ့ အခန်းထဲဝင်သွားတော့သည်။

အခန်းထဲမှာ Chan က ရေချိုးဖို့ပြန်နေတာကို Kyungsoo က အနားကနေကူပြင်ပေးနေလေသည်။

" ကို ငယ် တို့ကလေးယူကြမလား "

ရုတ်တရပ်ကြီးပြောလာတဲ့ Kyungsoo ကြောင့် Chanyeol ကြောင်သွားလေသည်။

" ဟင် ဘာပြောတယ် ငယ် "

Chan က မယုံနိုင်စွာပြန်မေးတော့

" ကလေး...ယူကြမလားလို့......."

အသံတိုးတိုးလေးနဲ့ပြန်ပြောလာတဲ့ Kyungsoo ကို Chan မှာအ‌သည်းတွေတယားယား။

" တကယ်လား ငယ် ။ ငယ်အတည်ပြောနေတာလား "

Chan Kyungsoo ရဲ့ပခုံးနှစ်ဖက်ကိုဆုတ်ကိုင်ကာမေးမိသည်။

ခေါင်းငြိမ့်ပြလာသော Kyungsoo ကို Chanyeol အပျော်လွန်စွာဆွဲဖက်လိုက်သည်။

" အင့် "

" ဝမ်းသာလိုက်တာ ငယ် ရာ။ ကိုယ်....ကိုယ်... "

အပျော်လွန်ပြီး စကားမပြောနိုင်တော့တဲ့ Chanyeol ကို ကြည့်ပြီး Kyungsoo ပြုံးလိုက်မိပါသည်။ ဖက်ထားတာအတော်ကြာမှ

" လွှတ်အုံးလေ Chan "

" ဘယ်လိုခေါ်လိုက်တာ "

" ဟင်း..... ကို လွှတ်တော့ဆို "

" အင်း လွှတ်ပြီး ချစ်လိုက်တာ ငယ် ရာ မွ "

ကြားချင်တဲ့နာမ်စားကိုခေါ်တော့မှ ဖက်ထားတာကိုလွှတ်လိုက်လေသည်။ Kyungsoo နှုတ်ခမ်းကိုတောင် ဖြတ်ခနဲ လှမ်းနမ်းလိုက်သေးသည်။

" ဘာလိုဖြစ်လို့ အဲ့လောက်ရွစိထိုးနေတာလဲ တကယ်ပဲ "

" ဟာ ငယ် ရာ ကိုယ်ပျော်နေတယ်လေကွာ ငယ် ကလေ ရိုလို့ကိုမရဘူး"

Kyungsoo မှာရယ်ချင်တာတောင် အောင့်ထားရသည်။ ဘယ်နှယ့်အချိန်တိုင်း ရိုနေတာ ။ အဲ့လိုမပြောရင် ရပ်မှာ မဟုတ်ဘူး ။

Happy House(U+Z)Where stories live. Discover now