Ch-30

395 30 17
                                    

Uni

*** တွက်ရခက်နေတဲ့ ပုစ္ဆာတစ်ပုဒ်ကို  ဖြေရှင်းဖို့ နည်းလမ်းတွေဘယ်ရှိမယ် မသိပေမဲ့......
မင်းအတွက်ရည်ရွယ်ထားတဲ့ ပုစ္ဆာတစ်ပုဒ်က ခဲယဉ်းနေရင်တောင် နည်းလမ်းက တစ်မျိုးပဲရှိတယ်.......
မင်းနဲ့ကိုယ် ချစ်နေကြဖို့ပဲ........

_________________________________

" အား...... Chan .... "

ဗိုက်နာလွန်းလို့ အော်နေတဲ့ Kyungsoo ....

" အား.... ငယ် စိတ်လျော့ပါကွာ ဆေးရုံရောက်နေပြီနော် အား .... ငယ် "

Kyungsoo က ဆံပင်ကို အတင်းစုတ်ကာ ကိုင်ထားခြင်းကို ခံရတဲ့ Chanyeol.........

Kyungsoo ကို ပွေ့လျက်ချီလာတဲ့ လမ်းတစ်လျှောက် လူတွေက ဝိုင်းကြည့်နေခဲ့ကြလျက်.....

Chan အကုန်လုံး အဆင့်သင့်ပြင်ထားလို့သာ တော်တော့သည်။

Chan က Kyungsoo ကို ခွဲစိတ်ခန်းပေါက်ဝရောက်မှ ကုတင်ပေါ်တင်ပေးလိုက်သည်။

မျက်နှာလေးနီရဲနေလျက် ကုတင်ပေါ်ပါသွားတဲ့ Kyungsoo ကိုကြည့်ပြီး Chanyeol ရတက်မအေးဖြစ်နေသည်။ အိမ်ရှိလူကုန်ပါလာကြပေမဲ့ တစ်ယောက်မှ စကားမဆိုဖြစ်....

မိဘတွေကတော့ ရ‌သလောက် ဘုရားစာကို ရွတ်ဖတ်‌လျက်စောင့်ဆိုင်းနေကြသည်။

Time Skip..

ခွဲခန်းတံခါးပွင့်လာသောအခါ......

" Doctor ကျွန်တော့အမျိုးသားအခြေအနေ "

" အားလုံးကောင်းပေမဲ့ အတတ်နိုင်ဆုံး ဂရုစိုက်ပေးစေချင်ပါတယ် ကလေးကိုရော ကလေးအဖေကိုရော ခနနေရင် တွေ့လို့ရပါပြီ ကလေးက သမီးလေးပါ.... "

" ဟုတ်ကဲ့ ကျေးဇူးပါတယ် Doctor "

အကုန်လုံး ရင်ပူနေခဲ့တာအမှန်ပေမဲ့ အခုတော့ စိတ်တစ်ထစ်လျော့လိုက်ကြသည်။ မိဘတွေကတော့ VIP room သို့ပြောင်းလိုက်ပြီ ဖြစ်တဲ့ Kyungsoo နဲ့ သမီးလေးကို သွားကြည့်ကြသည်။ ကျန်တဲ့သူတွေအကုန်လုံးလိုက်သွားပေမဲ့ ကျန်နေခဲ့တာ Chan နဲ့ Kai ပင်။

" Jongin မင်း ငါနဲ့ Doctor ဆီလိုက်ခဲ့ပါလား ငါ ငါ..... "

Kai Chan ကိုကြည့်ပြီး သက်ပြင်းချမိလိုက်သည်။ ခုနက doctor က လူအများကြီးမို့မပြောသွားတာ ကြည့်ရတာ တစ်ခုခု ပြောချင်နေပုံရသည်။ Chan က အဲ့တာကို ရိပ်မိတာကြောင့် Doctor ဆီသွားဖို့သတ္တိတွေပျောက်ဆုံးနေသည်။

Happy House(U+Z)Where stories live. Discover now