Ch-18

457 38 2
                                    

Uni

***သင်္ချာပုစ္ဆာတွက်ဖို့ သီအိုရီ တွေသိဖို့ လိုတယ်

ဓာတုပုစ္ဆာတွက်ဖို့ ဖော်မြူလာ တွေသိဖို့ လိုတယ်

ရူပ ပုစ္ဆာတွက်ဖို့ law တွေသိဖို့ လိုတယ်

ဒါပေမဲ့ မင်းရဲ့အချစ်ပုစ္ဆာကို တွက်ဖို့ ကိုယ် ဘယ်ဥပဒေသ ကို သုံးသင့်လဲ...................

__________________________________________________________________

"ဘာလုပ်နေလဲ ငယ် "

" အမလေး! "

" ဘာဖြစ်တာလဲ ငယ် "

" Chan ကြောင့်လေ ဒီမှာကြည့်အုံးအင်္ကျီတွေပေကုန်ပြီ "

Chan ကြည့်လိုက်တော့ ဟုတ်သည်။ ကိတ်မုန့်တွေ ငယ် အင်္ကျီပေါ်ပေနေသည်။

" ငယ်က ဘယ်တွေလုပ်နေလို့ ကိုယ့်ကိုလန့်ရတာတုန်း ကြည့်ပါအုံး ပေပွကုန်ပြီ "

"အဲ့တာ Chan ကြောင့်လေ သူများစားနေတာကို လန့်အောင်လုပ်တာ "

" ဟုတ်ပါပြီ ကိုယ်မှားတာပါ ကဲ သွားအင်္ကျီလဲ ကိုယ်နဲ့အပြင်သွားရအောင် "

" အပြင်? ဘယ်ကိုလဲ အဲ့တာဆို ရေပါတစ်ခါတည်းချိုးလိုက်မယ်လေ "

" ကဲ သဘောတော်အတိုင်းပါဗျာ မြန်မြန်တော့ လုပ်နော် ငယ် "

" အွန်း အွန်း "

ပါးစပ်ထဲ ကိတ်မုန့်တွေ ပလုတ်ပလောင်းစားကာ ရေချိုးခန်းထဲ ဝင်သွားတဲ့ ငယ့်ကိုကြည့်ပြီး ပြုံးမိ‌သည်။ ချစ်စရာလေးလို့ပြောရင်မကြိုက်တဲ့ငယ်က သူမျက်လုံးထဲမှာအရမ်းချစ်ဖို့ကောင်းနေတယ်လို့ မြင်နေတာတော့ မတက်နိုင် ။ ချစ်ဖို့ကောင်းတဲ့ ချစ်ရသူလေးစားထားတဲ့ သိမ်းလိုက်ပြီး ဗီဒိရိုထဲကနေ ငယ်အတွက် အဝတ်စားတွေထုတ်ထားလိုက်သည်။

" ငယ် ကိုယ်အရင်သွားနှင့်မယ်နော် ရေချိုးတာလည်း မြန်မြန်ချိုး အအေးပက်မယ် ငယ် "

ပြန်ပြောလာမဲ့စကားမရှိဘူးဆိုတာသိတာကြောင့် အခန်းထဲကနေ ထွက်လာခဲ့လိုက်သည်။

" ဟယ်လို အဆင်သင့်ဖြစ်ပြီလား "

" ဟုတ်ကဲ့ Boss အကုန်လုံး အဆင်သင့်ဖြစ်နေပါပြီ "

Happy House(U+Z)Where stories live. Discover now